မလေးဝန်ကြီးချုပ်ကို လှောင်ပြောင်တဲ့ ကာတွန်းဆရာကို ထောင်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာFahmi Rezaက စိတ်ပျက်ခဲ့ပြီး အယူခံဝင်မယ်လို့ သူရဲ့ ရှေ့နေက ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်ရဲ့ ကယ်ရီကေချာကို ရေးသားခဲ့တဲ့ အနုပညာရှင်နဲ့ တက်ကြွ လှုပ်ရှားသူကို ငွေဒဏ်နဲ့ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်းအရာကို အင်တာနက်မှာ ဖြန့်ချီခဲ့လို့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ကာတွန်းဆရာ Fahmi Rezaကို ထောင်ဒဏ်တလနဲ့ မလေးရှား ရင်းဂစ် ၃ သောင်း ငွေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အပေါ် မစ္စတာFahmi Rezaက စိတ်ပျက်ခဲ့ပြီး အယူခံဝင်မယ်လို့ သူရဲ့ ရှေ့နေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် TWITTER/@FAHMIREZA
Image caption ဒီကယ်ရီကေချာကို မစ္စတာ ရာဇတ်ကို ဆန္ဒပြတဲ့ပွဲတွေမှာ အသုံးပြုခဲ့ပါတယ်။

မစ္စတာ ရာဇတ်ရဲ့ ကယ်ရီကေချာကို ကာတွန်းဆရာ Fahmi Rezaကရေးဆွဲခဲ့ရာမှာ လူပြက်တဦးလို မိတ်ကပ်ချယ်ထားပြီး မျက်ခုံးမွှေးကို သိသာထင်ရှားအောင် ရေးဆွဲ ခဲ့ပါတယ်။

ဒီကယ်ရီကေချာကို မစ္စတာ ရာဇတ်ကို ဆန္ဒပြတဲ့ပွဲတွေမှာ အသုံးပြုခဲ့ပါတယ်။ မစ္စတာ ရာဇတ်ဟာ ငွေကြေး အရှုပ်တော်ပုံမှာ ပါဝင်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ကာတွန်းဆရာ Fahmi Rezaဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း အတိုက်အခံ ခေါင်းဆောင်နဲ့ တခြား တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ဖမ်းဆီးခံရဖူးပါတယ်။

ဒေါ်လာဘီလီယံနဲ့ချီတဲ့ ငွေကြေး ခဝါချမှုအပေါ် ဝန်ကြီးချုပ် မစ္စတာ ရာဇတ် ကိုင်တွယ်မှုအပေါ် ဆန္ဒပြခဲ့လို့ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ