မြောက်ကိုရီးယားအမျိုးသမီး ဟော်ကီကစားသမားများ McDonald'sကိုကြိုက်

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မြောက်ကိုရီးယားကလာတဲ့ အမျိုးသမီး ဟော်ကီကစားသမားတွေဟာ McDonald's ကို နှစ်နှစ်ခြိုက်ခြိုက် စားတယ်

မြောက်ကိုရီးယားကလာတဲ့ အမျိုးသမီး ဟော်ကီကစားသမားတွေဟာ McDonald's ကို နှစ်နှစ်ခြိုက်ခြိုက် စားတယ်လို့ တောင်ကိုရီးယား အမျိုးသမီး ဟော်ကီ အသင်း ကစားသမားက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် McDonald's အစားအသောက် ကုမ္ပဏီဟာ အလွယ်တကူ အသင့် စားနိုင်တဲ့ အစားအသောက်တွေကို ထုတ်လုပ်ရောင်းချပါ တယ်။

တောင်နဲ့ မြောက်ကိုရီးယား ပူးပေါင်း ဟော်ကီအသင်းက ကစားသမား Randi Griffinက မြောက်ကိုရီးယား ကစားသမားတွေဟာ မနက်စာအတွက် McDonald's ရေခဲမုန့်ကို မှာစားကြတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ကနေ ၂၅ ရက်နေ့အထိ တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မြောက်နဲ့ တောင်ကိုရီးယား ဟော်ကီ ကစား သမားတွေ ပူးပေါင်းပြီး အသင်းတသင်း အဖြစ် ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။

တောင်နဲ့မြောက်ကိုရီးယားပူးပေါင်းအသင်းဟာ အိုလံပစ်ပြိုင်ပွဲမှာ ၅ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် တောင်နဲ့မြောက် ၂ နိုင်ငံ နွေးထွေးတဲ့ဆက်ဆံရေးကို ဖော်ဆောင် နိုင်ခဲ့လို့ ပရိသတ်တွေ အကြိုက် နှစ်သက်ဆုံး အသင်းတသင်းဖြစ်ခဲ့ပါတယ်။