WHOမှာ လိင်ပိုင်းဆိုင်ရာ တိုင်တန်းချက်တွေ ရှိနေ

ဓာတ်ပုံ မူပိုင် AFP
Image caption WHO အကြီးအကဲ Tedros Adhanom Ghebreyesus

လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ တိုင်တန်းချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အတွင်း စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ အဖွဲ့ အကြီးအကဲ က ပြောပါတယ်။

မနှစ်တုန်းက ဖြစ်ပျက်ခဲ့တာကို တိုင်တန်းခဲ့ကြတာ ဖြစ်ပြီး အဲဒီ အထဲက တခုက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ လုပ်မှုနဲ့ ပတ်သက်နေတယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဘီဘီစီကို ပြောပါတယ်။

WHO အနေနဲ့ လက်တွေ့ မြေပြင်မှာ တွေ့ကြုံခံစားနေရသူတွေကို အကာအကွယ် ပေးနိုင်ဖို့ လိုက်နာရမယ့် စည်းကမ်းတွေကို ပြန်လည် သုံးသပ်သွားမှာ ဖြစ်သလို အဖွဲ့အတွင်း ပွင့်လင်း မြင်သာမှု ရှိရေးကိုလည်း အလေးထား ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒီကိစ္စကို ထုတ်ဖော် ပြောဆိုသူတွေကိုလည်း လူသိထင်ရှား ထုတ်မပြောဘဲ အကာအကွယ်ပေးသင့်တယ်လို့လည်း သူက ပြောပါတယ်။