တပ်ချုပ် အပါဝင် စစ်ထိပ်သီးခေါင်းဆောင်တွေတာဝန်မှ ရပ်နားခံရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၅ ခုနစ်က ထီးနန်းဆက်ခံခဲ့တဲ့ ဘုရင် ဆော်လမန်

ဆော်ဒီအာရေးဗျနိုင်ငံဟာ သူတို့နိုင်ငံရဲ့ စစ်တပ်က အကြီးဆုံးအရာရှိဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်အပါဝင် အရာရှိတွေကို ရာထူးကနေ မနေ့ညတုန်းက ထုတ်ပယ်လိုက်ပါတယ်။

ဆော်ဒီဘုရင်အမိန့်နဲ့ ထုတ်ပယ်မှုတွေ အပြီးမှာ လစ်လပ်သွားတဲ့နေရာတွေမှာ လည်းထပ်မံ အစားထိုးမှုတွေလုပ်ခဲ့ပါတယ်။

ဆော်ဒီ သတင်းအေဂျင်စီကနေ အဲဒီသတင်းထွက်လာခဲ့တာဖြစ်ပြီး ဘာကြောင့် အခုလို တပ်မတော် ထိပ်သီးအရာရှိတွေကို ပါဘူး။

အခုလို ထုတ်ပယ်ခံရချိန်ဟာ ဆော်ဒီအနေနဲ့ ယီမင်ပြည်တွင်းစစ်မှာ သူ့ရဲ့ မဟာမိတ်တွေဘက်က ပါဝင်တိုက်ခိုက်ခဲ့တာ သုံးနှစ် ပြည့်ခါနီးအချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဒီလိုထုတ်ပယ်မှုနဲ့ ရာထူးအရွှေ့အပြောင်းတွေရဲ့ နောက်ကွယ်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆော်လမန်ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဒါဇင်နဲ့ ချီတဲ့ ဆော်ဒီ အာဏာပိုင်အသိုင်းအဝိုင်းဖြစ်တဲ့ မင်းသားတွေ ၊ ဝန်ကြီးတွေနဲ့ ဘီလီယံနာသူဌေးတွေဟာ ရီယာ့ဒ်မှာရှိတဲ့ ကြယ်ငါးပွင့် ဟိုတယ်တခုမှာ ထိန်းသိမး်ခံခဲ့ရပြီး အဲဒီထိမ်းသိမ်းမှုဟာ အာဏာအလွှဲသုံးမှုနဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်နေခဲ့တာဖြစ်ပြီး အဲဒီထိန်းသိမ်းမှုကိုလည်း ဆော်ဒီ အိမ်ရှေ့မင်းသားကပဲ ဦးဆောင်ခဲ့တာပါ။

ဆော်ဒီဘုရင် အာဏာရယူခဲ့ပြီးနောက်ပိုင်း သူရဲ့ သားဖြစ်သူ ဘင်ဆာလမ်ကို ထီးနန်းဆက်ခံမဲ့ သူအဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ဒီလိုအစုလိုက် အပြုံလိုက် ထုတ်ပယ်မှုတွေဟာ အာဏာအမြင့်ဆုံး ရယူထားသူတွေရဲ့ ဝိသေသ လက္ခဏာလို ဖြစ်လာခဲ့ပါတယ်။

ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီအနေနဲ့ ဝင်ရောက်စွပ်ဘက်ခဲ့တဲ့နောက်ပိုင်း ဒီလို စစ်တပ်အရာရှိတွေကို တာဝန်တွေကနေ ရပ်နားလိုက်တာဟာ နိုင်ငံရဲ့ အစဉ်အလာလမ်းကြောင်းကနေ သွေဖယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင်ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေတဲ့ ဆော်ဒီတပ်ဖွဲ့တွေ

ဆက်စပ် အကြောင်းအရာများ