နိုင်းမြစ် သန့်ရှင်းရေး ပြက်လုံးထုတ်တဲ့ အီဂျစ်အဆိုတော် ထောင် ၆လကျ

Sherine Abdel Wahab

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

သူ့ကို နိုင်းမြစ်ရေ သောက်ဖူးသလားဆိုတဲ့ သီချင်းကို သီဆိုခိုင်းခဲ့ပါတယ်။

အီဂျစ်နိုင်ငံ နိုင်းမြစ် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ပြက်လုံး ထုတ်တဲ့ အဆိုတော် Sherine Abdel Wahabကို ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

Sherine Abdel Wahabဟာ အီဂျစ်မှာ နာမည်ကြီးတဲ့ အဆိုတော်ဖြစ်ပြီး အာရပ်ဘာသာနဲ့ The Voice TV ရှိုးမှာ ပရိသတ်တဦးက သူ့ကို နိုင်းမြစ်ရေ သောက်ဖူးသလားဆိုတဲ့ သီချင်းကို သီဆိုခိုင်းခဲ့ပါတယ်။

Sherine Abdel Wahabက နိုင်းမြစ် ရေသောက်ရင် ကပ်ပါးကောင်တွေ ပါလာမယ်လို့ ပြောခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဗွီဒီယိုတွေ ပြန့်နှံ့လာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သူ့ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

Sherine Abdel Wahabက ပြက်လုံးအတွက် နောက်ပိုင်းမှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့် သတင်းမှားတွေ ဖြန့်ချီတယ်ဆိုပြီး ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။Sherine Abdel Wahabကတော့ အယူခံဝင်ဖို့ ရှိနေသလို အာမခံနဲ့ လွှတ်ပေးထားတယ်လို့ ဆိုပါတယ်။