အရပ်သားကိုတိုက်တာ စစ်ရာဇဝတ်မှု မြောက်ကြောင်း ကုလအကြီးအကဲ ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲ Zeid Ra'ad al-Hussein

ဆီးရီးယား နိုင်ငံ အရှေ့ဂူတာ အရပ်မှာ အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုတွေအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှု တိုးလာနေပါတယ်။

အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဒမားစကပ်မြို့နားက သူပုန်တွေ ထိန်းချုပ်ရာဒေသမှာ ထိုးစစ်ဆင်နွှဲခံနေရတာ သီတင်းနှစ်ပတ် ကြာ ရှိနေပြီး အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရမှာ တာဝန်ရှိတယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာမာခဲလ်နဲ့ ဖုန်းပြောရာမှာ သမ္မတ ထရမ့်က ဆိုသွားခဲ့ပါတယ်။

အရပ်သားတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲ Zeid Ra'ad al-Hussein က ပြောပါတယ်။

ပဋိပက္ခတခုမှာ စစ်ရာဇဝတ်ကောင်တွေဟာ အပြစ်ဒဏ်ကနေ လွတ်မြောက်လိမ့်မယ်လို့ မှတ်ယူ ထားကြပေမယ့် ဆာ့ဘ်ဗိုလ်ချုပ် Radko Mladic အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်သူ တွေဟာ အပြစ်ပေးခံရတာချည်း ပါဘဲလို့ သူက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ