EUကားတင်သွင်းမှုကို အခွန်ကောက်မယ်လို့ ထရမ့်ခြိမ်းခြောက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်ဟာ ဥရောပ သမဂ္ဂ ကနေ အများဆုံး ကားတင်သွင်း

အမေရိကန် သမ္မတ ထရမ့်ဟာ ဒီရက်ပိုင်းအတွင်း ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး စကားစစ်ပွဲ ဆင်နွှဲနေရာမှာ ဥရောပ သမဂ္ဂက ကားတင်ပို့မှုအပေါ် အခွန်ကောက်မယ်လို့ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

အမေရိကန်ကို သံမဏိနဲ့ အလူမီနီယမ်တင်သွင်းမှုအပေါ် အခွန်ကောက်မယ့် အစီအစဉ်ကို သမ္မတ ထရမ့်က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့ပြီးနောက်မှာ အခုလို အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကြေညာချက်အပေါ် ဥရောပ သမဂ္ဂ အပါအဝင် အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေက ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်လိုဘဲ သူတို့ဖက်ကလည်း အလားတူ တုန့်ပြန်သွားမယ်လို့ ဥရောပဆိုင်ရာ ကော်မရှင်ဥက္ကဌ Jean-Claude Junker က ပြောပါတယ်။

တကယ်လို့ အီးယူက အမေရိကန် ကုမ္ပဏီတွေ အပေါ် အတားအဆီးတွေ လုပ်ခဲ့ရင် အမေရိကန်ဖက်ကလည်း အီးယူဖက်က ကားတင်သွင်းမှုကို အခွန်ကောက်မယ်လို့ သမ္မတထရမ့်က တွတ်တာပေါ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ အီးယူ အတွက် အကြီးမားဆုံး ကားစျေးကွက် တခု ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ