ကာကွယ်ဆေးထိုးပြီးနောက် ကလေးနှစ်ယောက်သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption ကလေးကို ကာကွယ်ဆေး တိုက်ကျွေးစဉ်

ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ်မှာ ကလေး နှစ်ယောက် သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ကလေးတွေဟာ ၀က်သက် ရောဂါ ကာကွယ်ဆေး ထိုးပြီးနောက်မှာ ဖျားပြီး သေဆုံးတာလို့ မိဘတွေက ဆရာ၀န်ကို ပြောပါတယ်။

ဒီကလေးတွေ ဘာကြောင့် သေဆုံးသလဲ ဆိုတာ မသိရသေးပေမယ့် ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ ယူနီဆက်ဖ် က ကျွမ်းကျင်သူတွေကတော့ ၀က်သက် ကာကွယ်ဆေးကို အသေအချာ စစ်ဆေးထားပြီး လုံခြုံ စိတ်ချရတယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ