အရှေ့ဂူတာကို ထိုးစစ်ဆက် ဆင်နွှဲမယ်လို့ အာဆတ် ဆို

ဓာတ်ပုံ မူပိုင် AFP
Image caption အရှေ့ဂူတာ အရပ်က အခြေအနေ

ဆီးရီးယား နိုင်ငံ အရှေ့ဂူတာ အရပ်က သူပုန်တွေ ထိန်းချုပ်ပြီး အစိုးရ တပ်တွေ ဝိုင်းရံထားတဲ့ နေရာကို ဆက်လက် ထိုးစစ်ဆင်နွှဲသွားမယ်လို့ သမ္မတ ဘတ်ရှား အယ် အာဆတ်က ပြောပါတယ်။

အဲဒီဒေသက လူမှု ဒုက္ခ အခြေအနေတွေနဲ့ ပတ်သက်လို့ အနောက်အုပ်စုက ပြောတာတွေဟာ အလိမ်အညာတွေသာ ဖြစ်တယ်လို့ မစ္စတာ အာဆက်က ဆိုပါတယ်။

အမေရိကန် ကတော့ ရုရှားနဲ့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့တဲ့ အရပ်သားတွေ သေဆုံးနေရတဲ့ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

မနေ့က တနင်္ဂနွေနေ့ တရက်တည်းမှာတင် ကလေးတွေ အပါအဝင် အရပ်သား သုံးဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယား အစိုးရတပ်တွေက အရှေ့ဂူတာရဲ့ လေးပုံတပုံကို သိမ်းလိုက်ပြီတယ်လို့ သူတို့က ဆိုပါတယ်။

ဒီနေ့ တနင်္လာနေ့မှာ အရှေ့ဂူတာ ဒေသဆီ လူမှုကယ်ဆယ်ရေး အကူအညီတွေ ၀င်ပေးဖို့ ခွင့်ပြုချက်ရပြီလို့ ကုလသမဂ္ဂ က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ