သမိုင်းဝင်တွေ့ဆုံမှုအဖြစ် ထရမ့် နဲ့ ကင်မ်တို့တွေ့ကြမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ်ဆိုင်းဒုံးကျည်တွေဖြုတ်သိမ်းဖို့ ကင်မ်ဂျုံအွန်း က ကမ်းလှမ်းခဲ့

လာမယ့် မေလ မှာ ကင်မ်ဂျုံအွန်း နဲ့ ဒေါ်နယ် ထရမ့် တို့ တွေ့ဆုံ နိုင်ကြောင်း အိမ်ဖြူတော် မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ တောင်ကိုရီးယား နိုင်ငံ လုံခြုံရေး အကြံပေး ချုံအွီယုံ က ပြောကြား သွားပါတယ်။

မြောက်ကိုရီးယား နိုင်ငံ အနေနဲ့ နျူကလီးယား လက်နက် နဲ့ မစ်ဆိုင်း ဒုံးကျည် တွေ ဖြုတ်သိမ်း ဖို့ ကင်ဂျုံအွန်း က ကမ်းလှမ်းခဲ့တယ်လို့ မစ္စတာ ချုံက သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

မစ္စတာထရမ့်က ' ' ဒါက ကြီးမားတဲ့ တိုးတက်မှုတခုပါပဲ'' လို့ ဂုဏ်ပြုပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း အရေးယူပိတ်ဆို့မှုတွေကတော့ ကျန်ရှိနေဦးမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ဒီသတင်းနဲ့ပက်သက်ပြီး' 'ဒါဟာတကယ့်အံ့သြသင့်ဖွယ်ရာပါပဲ။

တကယ်လို့ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်တို့တွေ့ဆုံပြီး နျူကလီးယားဖြုတ်သိမ်းရေး ကို အပြီးပြတ် လုပ်ဆောင်နိုင်မယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်အရေး ကိစ္စဟာလည်း လမ်းမှန်ပေါ် ရောက်လာမယ်လို့ ယုံကြည်တယ်'' လို့ ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်အရေးဟာ လမ်းမှန်ပေါ်ရောက်လာမယ်ဆိုပြီး ဒီတိုးတက်မှုကို တရုတ်ဘက်ကလည်း ကြိုဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယားကိုယ်စားလှယ်တွေနဲ့ ကင်မ်ဂျုံအွန်းတို့ ပြုံယမ်းမှာတွေ့ဆုံ

တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နဲ့ မစ္စတာကင်မ်တို့ ပြုံယမ်းမှာ တွေ့ဆုံပြီးနောက်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။

အခုချိန်ထိတော့ ထရမ့်နဲ့ကင်မ် ရဲ့ တွေ့ဆုံမှုကို ဘယ်နေရာမှာ လုပ်မယ် ဆိုတာ ထုတ်ဖော်မပြောသေးပေမဲ့ ကိုရီးယားနယ်စပ် စစ်မဲ့ဇုန် နဲ့ ဘေဂျင်း တို့မှာတွေ့ဖို့ အများဆုံးဖြစ်နိုင်ချေရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ