ဖဲကြိုးဝါကြောင့် မန်စီးတီးနည်းပြ ဒဏ်ရိုက်ခံရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖဲကြိုးဝါ တပ်လို့ ဒဏ်ရိုက်ခံရတဲ့ မန် စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာကို အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် က ဒဏ်ငွေ ဒေါ်လာ နှစ်သောင်း ခုနှစ်ထောင် ချမှတ်လိုက်ပါတယ်။

ကတ်တလန် တယောက်ဖြစ်တဲ့ ဂွာဒီယိုလာဟာ ထောင်ချခံရတဲ့ ကတ်တလိုးနီးယား လွတ်လပ်ရေး တိုက်ပွဲ၀င် ခေါင်းဆောင် လွတ်မြောက်ရေး လှုပ်ရှားမှု သကေတ ဖြစ်တဲ့ အဝါရောင် ဖဲကြိုးကို ကစားပွဲ အတွင်းမှာ တပ်ဆင်ခဲ့တဲ့ အတွက် ဒဏ်ရိုက်ခံရတာ ဖြစ်ပါတယ်။

ကစားပွဲ အတွင်း နိုင်ငံရေး ဆိုင်ရာ သတင်းစကား ဖြန့်ဝေ ဖော်ပြမှုတွေကို တားမြစ်ထားတာ ဖြစ်ပြီး မစ္စတာ ဂွာဒီယိုလာ ကိုယ်တိုင်က ဘောလုံးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မိကြောင်း ၀န်ခံ ခဲ့ပါတယ်။

ဒါပေမယ့် ဒီစည်းမျဉ်းမျိုးကို ဥရောပ ဘောလုံး အဖွဲ့က သတ်မှတ်ထားခြင်း မရှိတဲ့ အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေနဲ့ ၊ သတင်းစာ ရှင်းလင်းပွဲတွေမှာတော့ အဲဒီ အဝါရောင် ဖဲကြိုးကို ဆက်လက် ဆင်မြန်းနိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ