ပြည်တွင်းစစ်ငြိမ်း ကိုလံဘီယာ ရွေးကောက်ပွဲကျင်းပ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖာ့ခ် သူပုန် ခေါင်းဆောင်ဟောင်း Rodrigo Londoño ခေါ် Timochenko

ကိုလံဘီယာမှာ ပါလီမန် ဆိုင်ရာရွေးကောက်ပွဲတွေ ကျင်းပနေရာမှာ အခုတော့ မဲရုံတွေ ပိတ်သွားပါပြီ။

ဒီမဲပေးပွဲဟာ အစိုးရနဲ့ဖာ့ခ်သူပုန်ဟောင်းတွေကြား ငြိမ်းချမ်းရေး ယူထားမှု အပေါ် စမ်းသပ်ချက် တရပ် အဖြစ် မှတ်ယူနေကြပါတယ်။

လက်နက်ကိုင်သူပုန် အဖွဲ့ဟောင်းက ကိုယ်စားလှယ်တွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အတွက် ဒါဟာ သမိုင်းဝင် ၊ ဒီမိုကရေစီ အထိမ်းအမှတ်တခုဘဲလို့ သမ္မတ ဟွမ်မန်နိုဝဲလ် ဆန်းတိုးစ်က ပြောပါတယ်။

ရာစုနှစ်ဝက်ကျော်ကြာ ဖာ့ခ်အဖွဲ့က ရွေးကောက်ပွဲကို သပိတ်မှောက်ထားရာက အခုလို ပါ၀င်လာပြီး ပထမဆုံး အရွေးခံခဲ့တာကြောင့် တကယ့်ကို ထူးခြားတဲ့ ရွေးကောက်ပွဲ ပါလို့ မစ္စတာ ဆန်းတိုးစ်က ဆိုပါတယ်။

မဲပေးတဲ့နေ့ဟာ၊ ၂၀၁၆ မှာဖာ့ခ် သူပုန်တွေနဲ့ လက်မှတ်ထိုး ပြီး နောက်ပိုင်း တည်ငြိမ်အေးချမ်းမှု အရှိဆုံး နေ့ဖြစ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး သဘောတူချက် အရ ဖာ့ခ် အဖွဲ့ရဲ့ လက်ဝဲယိမ်း နိုင်ငံရေး ပါတီက အမတ်နေရာ ၂၈၀ အနက် ဆယ်နေရာ ရမှာ ဖြစ်ပါတယ်။

အတိုက်အခံကွန်ဆာဗေးတစ် ပါတီတွေကတော့ ဒီ ငြိမ်းချမ်းရေး သဘောတူချက်ကို အပြင်းအထန် ငြင်းဆိုခဲ့ပြီး သူတို့ဘဲ အခု ရွေးကောက်ပွဲမှာ အပြည့်အဝ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ