အရှေ့ဂူတာ ပိတ်မိနေအုံးမှာလို့ သတိပေးချက်ထွက်

ဓာတ်ပုံ မူပိုင် AFP
Image caption ဗုံးမိုးရွာနေတဲ့ အောက်က အရှေ့ဂူတာ ဒေသမြင်ကွင်း

ဆီးရီးယားနိုင်ငံ အရှေ့ဂူတာ အရပ်မှာ အစိုးရတပ်တွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကြောင့် အရပ်သားတွေ တော်တော်များများပိတ်မိနေလိမ့်မယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပျက်အစီးတွေအောက်ပိနေတဲ့ အလောင်းအများအပြားကိုရှာဖွေ ဆွဲထုတ်ဖို့ အရမ်းအန္တရယ်ရှိတဲ့ အတွက် ပုပ်သိုး လျက် ရှိပါတယ်။

Mesraba ဒေသခံတွေကတော့ သူတို့ကို ပြီးခဲ့တဲ့ စနေနေ့က ကယ်ထုတ်ခဲ့တဲ့ အထိ မြေအောက်ထဲမှာ နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီနေရာကနေ လူငါးဆယ်ကို ရုရှားက အခုအခါ ကယ်ထုတ်ခဲ့ပါတယ်။

Hammuriyeh မြို့က ခေါင်းဆောင်တွေကတော့ အရပ်သား ကယ်ထုတ်ရေး အစီအစဉ်ကို သဘောတူဖို့စဉ်းစားနေတုန်းလို့သတင်းတွေ ထွက်နေပေမယ့် အဲဒီနေရာကို ထိန်းချုပ်ထားတဲ့ အဓိက အဖွဲ့က ဒါကို ငြင်းပယ်လိုက်ပါတယ်။

ဆီးရီးယား အစိုးရ တပ် က သူပုန် သိမ်းပိုက် နယ်မြေ ဂူတာ အရှေ့ခြမ်း ကို နှစ်ခြမ်းခွဲ ဖို့ ရည်ရွယ်ချက် နဲ့ ဖိတိုက်နေတဲ့ အတွက် ကုလသမဂ္ဂ နဲ့ လူမှု အထောက် အကူပြု အဖွဲ့တွေ ရဲ့ ယာဉ်တန်း တချို့ မြို့ထဲ ဝင်ခွင့်ရတဲ့ တိုင်အောင် လူတွေ က ကယ်ဆယ်ရေး ပစ္စည်း ထွက်ယူ ဖို့ထက် အသက် မသေအောင် မနည်း ဖက်တွယ်နေရပါတယ်။

မိသားစု အများအပြားဟာ မြေအောက်ခန်းတွေ နဲ့ မြေအောက်တည်းခို စရာတွေ မှာပဲ ပုန်းအောင်း ခိုလှုံ နေကြရပြီး တချို့ဆိုရင် နေရောင်တောင် ထွက်မကြည့်ပဲ နှစ်ပတ် သုံးပတ် မြေတွင်း အောင်းနေကြရတဲ့ အပြင် သူတို့ ကလေးတွေ အတွက် အစားအသောက် ထွက်ရှာဖို့ လောက် ပဲ ပုန်းအောင်းရာ က ထွက်လာကြပေမယ့် ဒီကြားထဲ မှာပဲ ဗုံးဒဏ် လက်နက်ကြီးတွေ နဲ့ ပစ်ခတ် ခံရလို့ သေဆုံးကုန် တဲ့ အတွက် မြေအောက် က ထွက်လာရေး ဟာ သူတို့ အတွက် အင်မတန် အင်မတန် အန္တရာယ် ကြီးပါတယ် လို့ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ က ပြောခွင့်ရ အမျိုးသမီး က ဆိုပါတယ်။

အစိုးရ တပ်ဖွဲ့တွေ ဟာ ဂူတာ အရှေ့ပိုင်း ကို ဖိတိုက်နေတာလည်းသီတင်းလေးပတ် ကျော်နေပြီး သူတို့ ရည်ရွယ်ချက် က ဂူတာ ကို နှစ်ပိုင်းခွဲတိုက်ကာ နယ်မြေ တခုလုံး အပိုင် သိမ်းပိုက်ရေး ဖြစ်ပါတယ်။

အစိုးရ တပ်တွေ ကို ခုခံ တိုက်ခိုက်တဲ့ သူပုန် အဖွဲ့တွေ အကြားမှာလည်း သဘောထား ကွဲတာတွေ ရှိလာတဲ့ အတွက် သူပုန် အုပ်စု အင်အားချိနဲ့ လာတာလည်း ပါဝင်ပါတယ်။

အဓိက သူပုန် နှစ်ဖွဲ့ ကတော့ ဂျေ့ရှ်အေအစ္စလာမ် နဲ့ ဖေလက်ဂ် အယ်လ်ရာမန် တို့ ဖြစ်ကြပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ သူပုန်တပ်တွေ အပြတ်ချေမှုန်းရေး ကို ဦးတည်တိုက်ခိုက် နေတဲ့ အခါမှာ ကလိုရင်း အဆိပ်ဓါတ်ငွေ့ ကို မသုံးဖို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျင်မ်မက်တစ် က သတိပေးစကား ပြောထားပြီး အရှေ့ဂူတာ မှ ကယ်ဆယ်ရေး အဖွဲ့ တွေ နဲ့ တက်ကြွ လှုပ်ရှား သူတွေ ဘက်ကတော့ ကလိုရင်း အဆိပ်ငွေ့ သုံးတယ် လို့ ဆိုပေမဲ့ အစိုးရ ကတော့ ငြင်းထားပါတယ်။

ဆက်စပ် အကြောင်းအရာများ