ဗီယက်နမ်မှာ အိုဘားမား ညစာစားခဲ့တဲ့ စားပွဲကို ပြသထား

ဓာတ်ပုံ မူပိုင် INSTAGRAM: ANTHONY BOURDAIN
Image caption အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့ စားဖိုမှူး Anthony Bourdainတို့ ညစာစားခဲ့တဲ့ စားပွဲကို စားသောက်ဆိုင်မှာ ပြသထားပါတယ်။

အရင် ၂နှစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းကို သွားတုန်းက အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့ စားဖိုမှူး Anthony Bourdainတို့ ညစာစားခဲ့တဲ့ စားပွဲကို စားသောက်ဆိုင်မှာ ပြသထားပါတယ်။

လမ်းဘေး စားသောက်ဆိုင်တခုမှာ မစ္စတာ အိုဘားမား ညစာစားခဲ့တဲ့ စားပွဲပေါ်မှာ ဘီယာဘူးခွံအလွတ်နဲ့ ဆေးကြောထားတဲ့ ပန်းကန် တစုံကို မှန်နဲ့ ကာရံပြီးတော့ ပြသထားပါတယ်။

အမေရိကန် သမ္မတဟောင်း ပလတ်စတစ်ခုံပေါ်မှာထိုင်ပြီး ၆ ဒေါ်လာတန် ညစာစားခဲ့တဲ့ စားပွဲကိုပြဖို့ လာစားတဲ့သူတွေက အကြံပေးတာလို့ Bun Cha Huong Lien စားသောက်ဆိုင်ပိုင်ရှင် Nguyen Thi Hang Ngaက ဘီဘီစီကို ပြောပါတယ်။

ဖောက်သည်တွေက မစ္စတာအိုဘားမားတို့ ဘယ်နေရာမှာထိုင်ပြီး ဘာစားသလဲဆိုတာ သိချင်တာကြောင့် ဖေဖော်ဝါရီလကစပြီးတော့ ခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် FACEBOOK DAM HA PHU
Image caption မစ္စတာ အိုဘားမား လာစားတာဟာ ဆိုင်အတွက် တသက်စာ အမှတ်တရ ဖြစ်စေမှာ ဖြစ်

မစ္စတာ အိုဘားမား လာစားတာဟာ ဆိုင်အတွက် တသက်စာ အမှတ်တရ ဖြစ်စေမှာ ဖြစ်သလို အမေရိကန်သမ္မတ ဆိုင်မှာလာ စားတာကြောင့် ဖောက်သည်တွေ တိုးမလာဘူးလို့လည်း မစ္စတာ Nguyen Thi Hang Ngaကပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ဟိုချီမင်းနဲ့ ပတ်သက်တဲ့ အမှတ်တရကိုသာ ပြသလေ့ရှိတာကြောင့် ခုလို နိုင်ငံရပ်ခြားက ဂုဏ်သရေရှိ လူတဦးနဲ့ ပတ်သက်ပြီး အမှတ်တရ ပြတာက ပထမဆုံးအကြိမ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဗီယက်နမ်မှာ မစ္စတာ အိုဘားမား ညစာစားခဲ့တာကို ရိုက်ယူထားတဲ့ ဓာတ်ပုံကို လူမှုရေးကွန်ရက် အင်စတာ ဂရမ်ပေါ် မျှဝေခဲ့ရာမှာ လူ ၁သိန်းကျော် လိုက်ခ်လုပ်ခဲ့ပြီး မှတ်ချက်တွေ အမြောက်အမြား ရေးသားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ