အင်ဒိုနီးရှားဘာလီကျွန်းမှာ ဟိန္ဒူနှစ်ကူး ဖုန်းအင်တာနက် ပိတ်မယ်

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption ဟိန္ဒူအများစု နေထိုင်တဲ့ ဘာလီကျွန်းမှာ နှစ်သစ်ကူးပွဲတော်ကို Nyepiလို့ ခေါ်ဆိုကြပြီး ဆိတ်ငြိမ်တဲ့နေ့လို့ အသိများပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ Nyepi နှစ်ကူးကျင်းပတဲ့ စနေနေ့မှာ မိုဘိုင်းဖုန်းက အင်တာနက်ကို ပိတ်ထားပေးဖို့ ဖုန်းကုမ္ပဏီတွေကို ဟိန္ဒူ အသိုင်းအဝန်းက တောင်းဆိုလိုက်ပါတယ်။

ဟိန္ဒူအများစု ဖုန်းသုံးတာကို စွဲနေပြီး ဒီနှစ်ကူးကျင်းပတဲ့အချိန်မှာတော့ ဒါကို ပြန်လည် ဆန်းစစ်နိုင်မယ်လို့ ဟိန္ဒူ အသိုင်းအဝန်း ခေါင်းဆောင် Gusti Ngurah Sudianaက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption မိုဘိုင်းဖုန်းက အသုံးပြုတဲ့ အင်တာနက်ကို ပိတ်ထားပေးမှာ ဖြစ်ပေမယ့် အရေးပါတဲ့ ဟိုတယ်၊ ဘဏ်၊ လုံခြုံရေး၊ ဆေးရုံ၊ လေဆိပ်နဲ့ ဟိုတယ်က ဝိုင်ဖိုင်တွေကိုတော့ အသုံးပြုခွင့်ပေးထားမယ်လို့ ဆိုပါတယ်။

ဒီပွဲတော်ရက်မှာ မိုဘိုင်းဖုန်း အင်တာနက်တွေနဲ့ ဘာလီကျွန်း လေဆိပ်ကို ၂၄ နာရီ ပိတ်ထားမှာလို့ အင်ဒိုနီးရှား ဆက်သွယ်ရေး ဝန်ကြီးဌာန ဘာလီကျွန်း အကြီးအကဲ Nyoman Sujayaက ကြေညာပါတယ်။

မိုဘိုင်းဖုန်းက အသုံးပြုတဲ့ အင်တာနက်ကို ပိတ်ထားပေးမှာ ဖြစ်ပေမယ့် အရေးပါတဲ့ ဟိုတယ်၊ ဘဏ်၊ လုံခြုံရေး၊ ဆေးရုံ၊ လေဆိပ်နဲ့ ဟိုတယ်က ဝိုင်ဖိုင်တွေကိုတော့ အသုံးပြုခွင့်ပေးထားမယ်လို့ ဆိုပါတယ်။

အရင်နှစ်က ဟိန္ဒူဘာသာဝင်တွေရဲ့ တောင်းဆိုချက်ကို အစိုးရက အသိအမှတ် မပြုခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption အရင်နှစ်က ဟိန္ဒူဘာသာဝင်တွေရဲ့ တောင်းဆိုချက်ကို အစိုးရက အသိအမှတ် မပြုခဲ့ပါဘူး။

ဟိန္ဒူအများစု နေထိုင်တဲ့ ဘာလီကျွန်းမှာ နှစ်သစ်ကူးပွဲတော်ကို Nyepiလို့ ခေါ်ဆိုကြပြီး ဆိတ်ငြိမ်တဲ့နေ့လို့ အသိများပါတယ်။

ဒီနေ့မှာ ဘာလီကျွန်းက ဟိန္ဒူတွေ မီးမမွေး၊ ခရီးမထွက်၊ ဖျော်ဖြေရေးတွေနဲ့ တခြား လုပ်ဆောင်စရာတွေကို မလုပ်ဖို့ တားမြစ်ထားသလို တချို့ဆိုရင် စကားမပြော မစားမသောက်နေလေ့ရှိပါတယ်။