ရုရှားကို နှစ်၂၀ အုပ်ချုပ်ခဲ့တဲ့ ပူတင် ရွေးကောက်ပွဲ ထပ်နိုင်ပြန်ပြီ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရုရှားကို နှစ်နှစ်ဆယ်နီးပါး အုပ်ချုပ်တဲ့ ပူတင် သမ္မတ ရွေးကောက်ပွဲ ထပ်နိုင်ပြန်ပြီ

ရုရှား သမ္မတရွေးကောက်ပွဲ မှာ စုစုပေါင်း မဲ ထက်ဝက် ရေတွက်ပြီးစီး သလောက် မှာ သမ္မတ ပူတင် ပဲ လေးကြိမ်မြောက် သမ္မတ အရွေးခံ လိုက်ရပါပြီ။

အဲဒီအတွက် နောက်ထပ် သမ္မတ သက်တမ်း ခြောက်နှစ်မှာ သူပဲ ရုရှား ကို ဦးဆောင်သွားမဲ့ အကြောင်း မော်စကို မြို့တော် လူထု စုဝေးပွဲ မှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ရွေးကောက်ပွဲမှာ သူထပ်အနိုင်ရတာဟာ သူ့ရဲ့ မူဝါဒတွေကို လူတွေက လက်ခံကြောင်း ပြလိုက်တာဘဲလို့ သမ္မတ ပူတင်က ပြောပါတယ်။

လူထုက သူ့အပေါ် ယုံကြည်ပြီး မျှော်လင့်ချက် ရှိနေတယ် ဆိုတာကို ရွေးကောက်ပွဲ ရလဒ်က ဖော်ပြလိုက်တာဘဲလို့ မော်စကိုမြို့လယ်ကို စုရုံးရောက်လာတဲ့ လူစုလူဝေးကို သူက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ရုရှား အနေနဲ့ အခုကနေ ရှေ့ဆက် လျှောက်လှမ်းသွားနိုင်ဖို့ အရေးကြီးပြီး အဖွဲ့အစည်း စိတ်ဓါတ်နဲ့ အလုပ်လုပ်သွားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ရုရှား သမ္မတ ရွေးကောက်ပွဲက မဲ တသန်းကျော် ရေတွက်ပြီးနေရာမှာ မစ္စတာ ပူတင်က လေးပုံသုံးပုံ မဲအနိုင်ရနေတာ ဖြစ်ပေမမယ့် ဒီရွေးကောက်ပွဲမှာ ရုရှား အစိုးရ မျှော်မှန်းထားတာတဲ့ မဲလာပေးသူနည်းပြီး ၆၄ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြပါတယ်။

အသက် ၆၅နစ် ရှိနေပြီ ဖြစ်တဲ့ ရုရှ ကေဂျီဘီ ထောက်လှမ်းရေး ဟောင်း သမ္မတ ပူတင် ဟာ ရုရှ နိုင်ငံရေး နယ်ပယ် မှာ လွှမ်းမိုး ကျင်လည်ခဲ့တာ ၁၈ နှစ် ရှိနေပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင် သူပဲနိုင်မယ် ဆိုတာ တစ်ပြေး ခဲ့ သလို အဓိက ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ အတိုက်အခံ ခေါင်းဆောင် အလက်ဆေ နဗားလ်နီ ကိုလည်း ငွေကြေး မသမာမှု နဲ့ ယှဉ်ပြိုင်ခွင့် ပယ်ချလိုက်ပါတယ်။

ဒါ့အပြင် ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် ဘိုရစ်နမ့်ဆော့ဗ် ဟာလည်း ၂၀၁၅ ခုနှစ် က ပစ်ခတ် လုပ်ကြံခံလိုက် ရပါတယ်။

သူ့ကို ပုခုန်း ချင်း ယှဉ်လာသူ မှန်သမျှ ရှင်းထုတ် ခံလိုက်ရလိုက်ကြရပါတယ်။

ဒါကြောင့် ဘိုရစ်နမ့်ဆော့ဗ် ရဲ့ သမီးဖြစ် သူ ဇာနာနာနမ့်ဆိုဗာ က အခု ရွေးကောက်ပွဲ ဟာ အစစ်အမှန် မဟုတ်ဘူး လို ဝေဖန် လိုက်ပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲ ကို မှန်ကန်တဲ့ ရွေးကောက်ပွဲ အဖြစ် မသတ်မှတ်ရခြင်းက ပီပြင်တဲ့ ယှဉ်ပြိုင်မှု မဟုတ်သလို အဓိက ပြိုင်ဘက် ဖြစ်တဲ့ အတိုက်အခံ ခေါင်းဆောင် အလက်ဆေ နဗါးလ်နီ ကို လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီး တခြား သမ္မတ လောင်း တွေ ကိုလည်း တနည်းတဖုံ ဟန့်တားမှုတွေ ရှိနေလို့ စစ်မှန်တဲ့ ရွေး ကောက်ပွဲ နဲ့ မတူပါဘူး လို့ ဇာနာနာနမ့်ဆိုဗာ ကပြောပါတယ်။

မတ်လ ၁၈ ရက်နေ့က နိုင်ငံတဝန်းမဲရုံတွေ မှာ ရာနဲ့ ချီတဲ့ မဲမသမာမှု တွေ ရှိတဲ့ အနက် တချို့ မဲရုံမှူးတွေ ဟာ မဲစာရွက်တွေ ကို မဲပုံးထဲ ထိုးသိပ်ထည့်နေတာတွေ ရှိတဲ့ အကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာတဲ့ အဖွဲ့ ကလည်း ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ