လူ ၃ ဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို ပြင်သစ်ရဲက အသေဖမ်းမိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်ပေးဆွဲမှု ဖြစ်တဲ့ ကုန်စုံဆိုင်

ပြင်သစ်တောင်ပိုင်းက ထရဲ့ဘ်မြို့မှာ လူအများအပြားကို ဓားစာခံဖမ်းဆီးပြီး ၃ ဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို ပြင်သစ်ရဲတွေက အသေပစ်သတ်ဖမ်းဆီးခဲ့ရပါတယ်။

သေနတ်သမားဟာ ကားတစ်စီးကို လုယူပြီး ထရဲ့ဘ်မြို့က ကုန်စုံဆိုင်တစ်ခုထဲမှာ ဓားစာခံတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သေနတ်သမားဟာ အသက် ၂၆ နှစ်အရွယ် ရက်ဒို၀မ် လက်ခ်ဒင်းမ် ဆိုသူဖြစ်ပြီး အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ကို သြဇာခံသူ ဖြစ်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

သူဟာ ထရဲ့ဘ်မြို့နဲ့ ၁၅ မိနစ်လောက် ကားမောင်းသွားလို့ရတဲ့ နေရာကနေ စတင်ပစ်ခတ်ခဲ့ပြီး နေရာ ၃ နေရာမှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

သူ့မှာ လက်နက် အများအပြား တပ်ဆင်ထားပြီး သူဟာ ၂၀၁၅ နိုဝင်ဘာ ၁၃ တိုက်ခိုက်မှုမှာ အဓိကပါဝင်ပတ်သက်သူအဖြစ် အဖမ်းခံထားရတဲ့ ဆာလာ အဘ်ဒက်စလမ်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ် ဖီလိကတော့ ဒီတိုက်ခိုက်မှုတွေက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ သတင်းတွေ စထွက်တဲ့အချိန်မှာ ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ