ရုရှား ကုန်တိုက် မီးလောင်လို့ လူ၃၇ယောက် သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားက စျေး၀ယ် စင်တာ အကြီးအကျယ် မီးစွဲလောင်

ရုရှားက ဆိုက်ဘေးရီးယား မြို့တမြို့ဖြစ်တဲ့ Kemerovo က စျေး၀ယ် စင်တာမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာကြောင့် အနည်းဆုံး လူ၃၇ယောက် သေဆုံးသွားတယ်လို့ ရုရှားက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လူအယောက် သုံးဆယ်လည်း ပျောက်ဆုံးနေပြီး အဲဒီအထဲက အများစုဟာ ကလေးတွေ ဖြစ်တယ်လို့ ဒေသန္တရ ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။

ရုပ်မြင်သံကြား မှတ်တမ်းပုံတွေ အရ မီးလောင်စဉ် လူတွေက စျေး၀ယ်စင်တာ ပြုတင်းပေါက်တွေက ခုန်ချနေတာကို မီးခိုးလုံးတွေကြား မြင်တွေ့ရပါတယ်။

ဒီမီးလောင်မှုကို ရာဇ၀တ်ကြောင်းအရ ရုရှား စုံစမ်းရေး ကော်မတီက ကိုင်တွယ် စစ်ဆေးနေပါတယ်။

ဆက်စပ် အကြောင်းအရာများ