ပြာရှူတဲ့ ဆင်ကြောင့် သိပ္ပံပညာရှင်တွေ ဦးနှောက်ခြောက်

ဓာတ်ပုံ မူပိုင် Vinay Kumar
Image caption ဆင်တွေ ပြာရှူပြီး မှုတ်ထုတ်တဲ့ အလေ့အထနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေဆီမှာ ရှင်းလင်းတဲ့ အဖြေမရှိသေးဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ Karnataka ပြည်နယ် Nagarhole တောအုပ်ထဲမှာ တောဆင်ရိုင်း တကောင်က ပြာတွေ ရှူပြီး မှုတ်ထုတ်နေတဲ့ ဗီဒီယိုဖိုင်ကြောင့် ကမ္ဘာတဝန်းက တောရိုင်း တိရစ္ဆာန်အရေး ကျွမ်းကျင်သူတွေ ဦးနှောက်ရှုပ်သွား ပါတယ်။

ဆင်တွေ ပြာရှူပြီး မှုတ်ထုတ်တဲ့ အလေ့အထနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေဆီမှာ ရှင်းလင်းတဲ့ အဖြေမရှိသေးဘူးလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလမှာ တောအုပ်ထဲကို သွားခဲ့တဲ့ အိန္ဒိယ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့က သိပ္ပံပညာရှင် Vinay Kumar ဒီအလေ့အထကို ၄၅ စက္ကန့်ကြာ ဗွီဒီယိုနဲ့ မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆင်တွေ ဘာကြောင့် ပြာငွေ့ ရှူ

ဆင်တွေရဲ့ ဒီအပြုအမူက ဘယ်လောက် အရေးပါတယ်ဆိုတာကို မသိရလို့ ဗီဒီယိုဖိုင်ကို မထုတ်ပြန်တာလို့ Vinay Kumarက ဘီဘီစီကို ပြောပါတယ်။

ဗီဒီယိုထဲမှာတော့ ဆင်က နှာမောင်းနဲ့ ပြာတွေကို ကော်ပြီး သူရဲ့ ပါးစပ်ကနေ ပြန်မှုတ်ထုတ်ပြီး အနံကို ရှူနေတာကို ရိုက်ကူးထားတာလို့ သူက ရှင်းပြပါတယ်။

ဗီဒီယိုဖိုင်ကို ကြည့်ရှုခဲ့တဲ့ ဆင်တွေကို လေ့လာနေတဲ့ ဇီ၀ဗေဒပညာရှင် Varun R Goswamiကတော့ မီးလောင်ထားတဲ့နေရာကနေ ဆင်က ထင်းမီးခိုးနံ့ကို ရှူဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ပြာတွေကို မှုတ်ထုတ်ပြီး အနံ့ကို ရှုပုံရတယ်လို့လည်း သူက ဆိုပါတယ်။

ထင်းမီးခိုးနံ့က အာဟာရအနေနဲ့ ဘာမှမပါပေမယ့် တောရိုင်း တိရစ္ဆာန်တွေ အတွက်တော့ ဆေးဘက်ဆိုင်ရာ တန်ဖိုးတခု ရှိနေတယ်လို့လည်း Varun R Goswamiက သုံးသပ်ပါတယ်။

ဒါပေမယ့် တောရိုင်း တိရစ္ဆာန် ပညာရှင်တွေကတော့ ဒီဖြစ်ရပ်ကို သေချာပြောနိုင်ဖို့ လေ့လာမှုတွေ လိုသေးတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ