အနောက်ဘင်္ဂလားက ဟိန္ဒူ မွတ်ဆလင် အဓိကရုဏ်း

Image caption ဘာသာရေး အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် အခြေအနေ

အိန္ဒိယ နိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ်မှာ ဟိန္ဒူ မွတ်ဆလင်အဓိကရုဏ်း အတွင်း ဆယ်ကျော်သက် အရွယ် သားဖြစ်သူ သေဆုံးခဲ့ပြီးနောက် အေးဆေးတည်ငြိမ်ဖို့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တယောက်က ပန်ကြားလိုက်ပါတယ်။

Asansol မြို့က သားဖြစ်သူရဲ့ စျာပန ဆုတောင်းပွဲမှာ မိန့်ခွန်းပြောရာမှာ ဘယ်သူတဉီးတယောက်ရဲ့ သားသမီး မှ သေဆုံးမှု မရှိစေဖို့ နဲ့ ဘယ်အိမ်မှ အဖျက်ဆီး မခံရဖို့ သူ့မှာ တာဝန်ရှိတယ်လို့ Imam Imadadul Rashidi က ဆိုပါတယ်။

မြို့တလွှားမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ သူက အော်လံ နဲ့ လိုက်အော် ပန်ကြားခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်ချက်ကြောင့် တင်းမာမှုတွေ လျော့ကျသွားတဲ့ အခြေအနေမှာ ရှိတယ်လို့ အဲဒီက လာတဲ့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်းက ဟိန္ဒူတွေရဲ့ ပိုင်ဆိုင်မှုတွေကို တခြားမြို့တွေကို ပို့ဆောင်ခဲ့ကြပြီးနောက် အနောက်ဘန်ဂေါပြည်နယ် တလွှားမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားကာ လူငါးယောက် သေဆုံးခဲ့တယ် လို့ ရဲက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ