အမေဇုံအွန်လိုင်း ဝန်ဆောင်မှုကို ဝေဖန်တိုက်ခိုက်တဲ့ ထရမ့်

ဓာတ်ပုံ မူပိုင် AFP
Image caption အမေဇုံ ဥက္ကဌ ဂျက်ဖ်ဘီဇိုနဲ့ သမ္မတ ထရမ့်

အွန်လိုင်းကနေတဆင့် ပစ္စည်း ရောင်းချမှု လုပ်ငန်းတွေလုပ်နေတဲ့ အမေဇုံဟာ အမေရိကန် အစိုးရရဲ့ စာပို့စနစ်ကို ကလိမ်ကျပြီး နှပ်ချနေတာဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဝေဖန်ပြောကြားလိုက်ပါတယ်။

အမေဇုံရဲ့ ဝန်ဆောင်မှု လုပ်ငန်းတခုပြုလုပ်လိုက်တိုင်း အစိုးရရဲ့ စာတိုက်က ဒေါ်လာ ၁ ဒဿမ ၅၀ လောက် ဆုံးရှုံးနေတယ်လို့ ထရမ့်က သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

ဝါရှင်ပိုစ့် သတင်းစာကလည်း အမေဇုံလုပ်ငန်းကို အမြဲအကာကွယ်ပေး မြှင့်တင်ပေးနေတဲ့ လော်ဘီလုပ်ငန်းဖြစ်နေတယ်လို့ ထရမ့်က ပြောဆိုပါတယ်။

အမေဇုံလုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်သူ ဂျက်ဖ်ဘီဇိုဟာ ဝါရှင်တန်ပိုစ့် သတင်းစာရဲ့ ပိုင်ရှင်လည်ဖြစ်ပြီး ဝါရှင်ပိုစ့် သတင်းရဲ့ ဖော်ပြချက်တွေဟာ သမ္မတ ထရမ့်အတွက် မသတီစရာ ဖြစ်နေတာပါ။

ပြည်တွင်းအဓိက မီဒီယာအများစုလိုပဲ သမ္မတထရမ့် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲမှာ ရုရှားပါဝင်ပတ်သက်မှု ဘယ်လိုရှိသလဲဆိုပြီး ရောဘတ်မူလာ ဦးဆောင်တဲ့ ကောင်စီကနေ စစ်ဆေးနေတဲ့ ကိစ္စ ထရမ့်စွပ်စွဲခံနေရတဲ့ အပြာမော်ဒယ်နဲ့ ထရမ့်အကြားက ဆက်ဆံရေးကိစ္စတွေကို ဝါရှင်တန်ပိုစ့်သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ထုတ် သတင်းစာမှာတော့ ထရမ့် ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု လုပ်ငန်းတွေရဲ့ ငွေစာရင်းတွေကို ဥပဒေဆိုင်ရာ အဖွဲ့အစည်း ၃ ခုက စစ်ဆေးနေတာကို ဖော်ပြခဲ့ပါတယ်။

ထရမ့်ရဲ့ လုပ်ငန်းစုတွေဟာ အခုရက်ပိုင်းမှာ ရှယ်ယားဈေးကျနေတဲ့အတွက် သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာ အကျပ်ရိုက်လာချိန်မှာ ထရမ့်အနေနဲ့ အမေဇုံကို တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ အမေဇုံဘက်က ရှူမြင်ထားတာပါ။

အမေရိကန် သမ္မတကတော့ အမေဇုံနဲ့ အမေရိကန် စာတိုက်လုပ်ငန်းတို့အကြား စာချုပ်တွေကြောင့် အစိုးရ စာတိုက်လုပ်ငန်းအနေနဲ့ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေ ဆုံးရှုံးနေတယ်လို့ ထရမ့်က တွစ်တာမှာ ရေးသားထားပါတယ်။

အမေဇုံ ဥက္ကဌ ဂျက်ဖ်ဘီဇိုနဲ့ သမ္မတ ထရမ့်

ဆက်စပ် အကြောင်းအရာများ