ဧပရယ်ဖူလ်းနေ့ ကမ္ဘာတလွှားက လူပြောများတဲ့ အကြောင်းအရာအချို့

ဧပရယ်ဖူလ်းနေ့,

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အပြောင်အပြက်လို့ထင်ရပေမဲ့ တကယ့်အဖြစ်အပျက်တွေဖြစ်တယ်

ဧပြီလ ၁ရက်နေ့အေပရယ်ဖူးလ်နေ့အတွက် ဘီဘီစီကတင်ဆက်ထားတဲ့ ကမ္ဘာတလွှားမှာ လူပြောများတဲ့ အကြောင်းအရာတချို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီအကြောင်းအရာတွေဟာ အပြောင်အပြက်သဘောမျိုးလို့ ထင်ရပေမဲ့ တကယ့်အဖြစ်အပျက် အကြောင်းအရာတွေပါ။

(၁) ကားဒရိုင်ဘာတွေအနေနဲ့ ဖြူကောင်အုပ်တွေကို ကားလမ်းမပေါ်မှာတွေ့ရင် ဖြတ်နင်း ကျော်ဖြတ်ပြီး မမောင်းသွားကြဖို့ သူတို့ကို တွေ့ရင် အရှိန်လျော့မောင်းနှင်ကြဖို့ လမ်းဆိုင်းဘုတ်တွေမှာ သတိပေးထားတဲ့အကြောင်းကို မေလ်း သတင်းက ဖော်ပြထားပါတယ်။ဆူးတွေပါတဲ့ ဖြူကောင်တွေရဲ့အရည်အတွက်ဟာ နည်းပါးလာတဲ့အတွက် ပါလီမန်ရဲ့ ပို့ဆောင်ရေးဆိုင်ရာ အတွင်းဝန်က ဖြူကောင်တွေကို တရားဝင် အကာအကွယ်ပေးချင်တာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

(၂) ဘားထဲက ရန်ပွဲမှာ ပါဝင်ခဲ့တဲ့အတွက် နောက်ကျောဓါးထိုးခံခဲ့ရသူ တဦးဟာ အဲဒီဓါးဒဏ်ရာရလျက်နဲ့ပဲ ဘာ်းကို ပြန်လာခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံကိုရောက်သွားခဲ့တဲ့ ဖြစ်စဉ်ဟာ သြစတြေးလျက ကွင်းစလန် ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ သူဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့တယ်ဆိုတဲ့ အကြောင်း ဆန်းရှိုင်းကိုစ့် ဒေးလီး သတင်းမှာ ဖော်ပြခဲ့ပါတယ်။

(၃) အရုပ်တွေဆက်ပြီး ကစားရတဲ့ ဂျစ်ဆော ကစားနည်းကို စိတ်ပါဝင်စားသူတဦးဟာ အရုပ်အခုရေ ၃ သောင်းကျော်ရှိတဲ့ အရုပ်တွေကိုပြီးစီးအောင် ဆက်ဖို့အတွက် အချိန် ၂ နှစ်ကျော်ယူပြီး ကစားခဲ့ရကာ အဲဒီလို ကစားခဲ့တဲ့အတွက် သူ့ရဲ့ အိမ်ထောင်ရေးက ပြိုကွဲတော့မလိုဖြစ်ခဲ့ရပါတယ်။ သူဟာ ၆ မီတာ ဂျစ်ဆောရုပ်တွေကို စီနိုင်ဖို့အတွက် တရက်ကို လေးနာရီလောက် အချိန်ပေးခဲ့ရတာပါ။ လော်ရီကား ဒရိုင်ဘာဟောင်းတယောက်ဖြစ်တဲ့ သူက အဲဒီလောက် အချိန်တွေပေးခဲ့ရတဲ့အတွက် မိန်းမနဲ့ ကွဲတော့မလိုဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအကြောင်းကိုတော့ ဆန်းဒေးအိပ်စပရက်စ်က ဖော်ပြခဲ့တာပါ။

(၄) ပန်းချီ အနုပညာသမားအုပ်စုတစုဟာ နယူးယောခ့်က ထရမ့်ပိုင် ဟိုတယ်တခုထဲကို ကြွက်တွေသွားလွတ်ခဲ့ကြပါတယ်။ အမေရိကန် သမ္မတ ထရမ့်ကို အားပေးသူမဟုတ်တဲ့ သူတို့ဟာ ဟိုတယ်ကနေ ထောင်ကို လွှဲပြောင်းခြင်းကို ခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၂၄ နာရီ အချိန်ကုန်ဆုံးခဲ့ရပါတယ်။

(၅) ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ငွေကြေးလိုအပ်နေတဲ့အတွက် အိမ်ရောင်းမဲ့ အမျိုးသမီးတဦးဟာ သူ့အိမ်ကို ထရမ့်ကို အားပေးထောက်ခံသူမဝယ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူမက အိမ်ခြံမြေအကျိုးတော်ဆောင်တွေကို သူ့မရဲ့အိမ်ကို ဝယ်မယ့်သူဟာ

သူတို့ရဲ့ နိုင်ငံရေး အားပေးမှုဆိုင်ရာ နောက်ကြောင်းတွေကို သေချာစုံစမ်းပြီးမှသာ သူမနဲ့တွေ့ပေးဖို့ ပြောထားခဲ့တာပါ။ အဲဒီအကြောင်းကို စီဘီအက်စ် သတင်းက ဖော်ပြခဲ့ပါတယ်။

(၆) အရှည် ၁၁ ပေရှိတဲ့ မိကျောင်းခေါင်းတို တကောင်ကို ဖလော်ရီဒါပြည်နယ်က နေအိမ်တအိမ်ရဲ့ ရေကူးကန်ထဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဆာရာဆိုဒါမြို့က ရဲတပ်ဖွဲ့ကတော့ အဲဒီသတ္တဝါရဲ့ ပုံကို Just No ဆိုတဲ့ စာတမ်းနဲ့ ဖော်ပြခဲ့ပါတယ်။ ဗီဒီယို မှတ်တမ်းတွေမှာတော့ အဲဒီမိကျောင်းဟာ ကန်ထဲမှာ ဟိုဟိုဒီဒီ တဘက်ကနေ တဘက်တဘက်ကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ကူးနေတာကို တွေ့ခဲ့ရပါတယ်။