ဝင်နီမန်ဒဲလား ကွယ်လွန်

ဓာတ်ပုံ မူပိုင် AFP
Image caption နယ်ဆင်မန်ဒဲလားနဲ့ ၁၉၉၆ ခုနှစ်က ကွာရှင်းခဲ့

တောင်အာဖရိက နိုင်ငံမှာ လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့သူ ဝင်နီမန်ဒဲလား ဟာ အသက် ၈၁ နှစ် အရွယ်မှာ ကွယ်လွန် သွား ပါတယ်။

သူ့ ခင်ပွန်းဖြစ်ခဲ့သူ နယ်လ်ဆင် မန်ဒဲလား အကျဉ်း ကျခံခဲ့ရတဲ့ နှစ်ပေါင်း ၂၇ နှစ် အတွင်းမှာ ဝင်နီ မန်ဒဲလားဟာ တောင်အာဖရိက နိုင်ငံရဲ့ မိခင်ကြီးလို့ ထင်ရှားခဲ့ပြီး နိုင်ငံရေး အရ အာရုံစူးစိုက် ခံခဲ့ရ ပါတယ်။

ဝင်နီမန်ဒဲလား ကိုယ်တိုင်ကလည်း လူနည်းစု လူဖြူအစိုးရ လက်ထက်မှာ တိုက်ပိတ် ခံခဲ့ရဖူးပါတယ်။

ဒါပေမဲ့ အငြင်းပွားဖွယ် ကိစ္စမှာလည်း သူ ပါဝင် ပတ်သက်ခဲ့ပါတယ်။

မီးရှို့ထားတဲ့ တာယာတွေကို လည်ပင်းမှာစွပ်ပြီး လူတွေကို ညှဉ်းပမ်း သတ်ဖြတ်တဲ့ ကိစ္စမှာ ဝင်နီမန်ဒဲလားက ထောက်ခံ ဆောင်ရွက်ခဲ့ ပါတယ်။

၁၉၉၁ ခုနှစ် တုန်းကတော့ ဆယ်ကျော်သက်အရွယ် နိုင်ငံရေး လှုပ်ရှားသူ Stompei Moeketsiကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ ဝင်နီမန်ဒဲလား ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

နယ်လ်ဆင်မန်ဒဲလား ထောင်က လွတ်လာ ခဲ့ပြီးနောက် သူတို့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်က နှစ်ဘက် ကွာရှင်းခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ