ကျားနဲ့ ခံသတ်တဲ့ ဆိတ်ကျောင်းသူ

ဓာတ်ပုံ မူပိုင် Sanjay Tiwari
Image caption ဆေးရုံက ဆင်းလာတဲ့ သားအမိ

အိန္ဒိယ နိုင်ငံ မဟာ ရဋ္ဌ ပြည်နယ် အနောက်ပိုင်းက မိန်းကလေး တယောက်ဟာ သူ့ဆိတ်ကို ဝင်ဆွဲတဲ့ ကျားကို ပြန်ခုခံလို့ ဒဏ်ရာတွေနဲ့ မသေမပျောက် ကျန်ခဲ့ပါတယ်။

ဆိတ်အော်သံ ကြားလိုက်တဲ့ ရူပါလီ မာရှရမ်ဟာ အိမ်က ထွက်ပြီး ဆိတ်နောက်လိုက်ပါတယ်။

ကျားကိုတွေ့တော့ တုတ်နဲ့ ရိုက်ပါတယ်။ ကျားကလည်း သူ့ပြန်ရန်မူပါတယ်။

သူ့အမေလည်း ဒဏ်ရာတွေ ရတဲ့ကြားက သမီးကို အတင်းဆွဲကယ်ပြီး အိမ်ထဲ ပြန်ခေါ်ခဲ့ရပါတယ်။

နှစ်ယောက်စလုံး ဒဏ်ရာ နည်းနည်းပါးပါး ရပြီး ဆေးရုံက ဆင်းလာပါပြီ။ ဆိတ်ကတော့ အသက်ဆုံးခဲ့ပါတယ်။

ကျား ၉ ကောင်ကို ကယ်ဆယ်ခဲ့သူ

ပဲရစ်မြို့ပေါ် လျှောက်သွားနေတဲ့ ကျားကို ပစ်သတ်

ဓာတ်ပုံ မူပိုင် Rupali Meshram
Image caption ဒဏ်ရာနဲ့ ဆယ်လ်ဖီဆွဲ

မာရှရမ်ဟာ ကျားကုတ်ခံရပြီးပြီးချင်း သူ့ကိုယ်သူ ဆယ်လ်ဖီ ဓာတ်ပုံရိုက်ပါတယ်။

အဲဒီမှာ သူ့မျက်နှာမှာ သွေးတွေ ဖုံးလို့ပါ။

ဆရာဝန်ကတော့ သူ့ကို သတ္တိကောင်းလွန်းလို့ ဆိုပြီး ချီးကျူးပါတယ်။ ဒါပေမဲ့ ကျားကိုက်သတ်တာ မခံရတာကလည်း သိပ်ကံကောင်းတယ် လို့ ဆိုပါတယ်။

ခေါင်း၊ ခါးနဲ့ ခြေလက်တွေမှာ ဒဏ်ရာတွေ ရပေမယ့် အပေါ်ယံပဲ ဖြစ်လို့ သူ သက်သာရရခဲ့ပါတယ်။

ခေါင်းဒဏ်ရာကြောင့် စီတီစကန်ရိုက်ပြီး စောင့်ကြည့်ဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ရှားပါး သတ္တဝါတွေ ကရင်ပြည်နယ်ထဲ ဆက်လက် ရှိနေ

ထိုင်း ကျားကျောင်းကို တရားစွဲပြီ

ဓာတ်ပုံ မူပိုင် NOAH SEELAM
Image caption အိန္ဒိယက ရှားပါးကျားဖြူ

အိန္ဒိယ ကျားကောင်ရေ ၃၀ ရာနှုန်း တိုးပွားလာ

လူသားစားတဲ့ ကျားကို တောနင်းရှာဖွေနေ

သမီးတော့ သေပြီလို့ ထင်ခဲ့ကြောင်း သူ့အမေ ဂျီဂျာဘိုင်က ဘီဘီစီကို ပြောပါတယ်။

သွေးရဲရဲနဲ့ သမီးက ကျားကို တုတ်နဲ့ရိုက်နေတာကို တွေ့လိုက်တဲ့ အတွက် အမေလည်း အထိတ်တလန့် ဖြစ်သွားပါတယ်။

ဘီဘီစီက ရိုက်လာတဲ့ ပုံမှာတော့ ဆယ်ရက်ကြာပြီ ဆိုတော့ ဒဏ်ရာတွေ မတွေ့ရတော့ပါဘူး။

သူ့အမေလည်း သမီးကို ဆွဲထုတ်ရင်း မျက်စိနားမှာ ကျားကုတ်လို့ ဒဏ်ရာရပါတယ်။

ခုတော့ သူလည်း ဒဏ်ရာတွေက သက်သာ လာပါပြီ။

သူတို့ သားအမိ အနားက တောအုပ်ကို လှမ်းခေါ်ပေမယ့် သူ နာရီဝက်လောက်မှ ရောက်လာတော့ ကျားက မရှိတော့ဘူးလို့ ဆိုပါတယ်။

သူတို့ရွာက တောရိုင်း တိရစ္ဆာန် ဥယျာဉ်တခုနားမှာမို့ သားကောင်တွေ ဝင်လာတတ်တဲ့ နေရာ ဖြစ်ပါတယ်။

ဒီလို တိုက်ခိုက်ခံရပြီးနောက် ရွာကို ချက်ချင်း ပြန်ရမှာကို စိတ်ပူပါတယ်၊ ဒါပေမဲ့ ကြောက်တော့ မကြောက်ပါဘူးလို့ မာရှရမ်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ