မာတင် လူသား ကင်း အထိမ်းအမှတ် ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန်းဖစ် မှာတော့ အောက်မေ့ဖွယ် အခမ်းအနား ကို အကြီးအကျယ် အထင် ကရ ကျင်းပ နေ
အမေရိကန် ပြည်ထောင်စု တစ်ဝှန်း မှာတော့ လူ့မည်း တွေရဲ့ အခွင့် အရေး ကို ဉီးဆောင် လှုပ်ရှား ခဲ့သူ ဒေါက်တာ မာတင် လူသာ ကင်း ဂျူနီယာ လုပ်ကြံ ခံရတာ နှစ် ငါးဆယ် ပြည့် မြောက်တဲ့ အခမ်းအနားတွေကို တနိုင်ငံလုံး အတိုင်းအတာ နဲ့ ကျင်း ပ နေကြ ပါတယ်။
မာတင် လူသာကင်း လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ တန်နက်ဆီ ပြည်နယ်။ မန်းဖစ် မှာတော့ အောက်မေ့ဖွယ် အခမ်းအနား ကို အကြီးအကျယ် အထင် ကရ ကျင်းပ နေတာပါ။
အဲဒီ ပွဲမှာ သမ္မတဟောင်း ဘားရက် အိုဘားမား က ဗီဒီယို ကနေ တဆင့် မိန့်ခွန်း ပြောကြား ခဲ့ရာမှာတော့ မာတင် လူသာ ကင်း ကြောင့် အမေရိကန် တို့ ဒီနေ့ ရရှိနေတဲ့ အခွင့်အရေး တွေ ရခဲ့တာပါ။
သူဟာ မျှော်လင့်ချက်တွေကို ရှင်သန် စေခဲ့သူ၊ ရဲရင့်မှု ကို ဆောင်ကျဉ်း ပေးခဲ့သူ အနာဂတ် ကို ကြည့်မြင် နိုင်ခဲ့သူလို့ အမေရိကန် ရဲ့ ပထမ ဆုံး လူမည်း သမ္မတ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ ဘားရက် အိုဘားမား က ပြောကြား ခဲ့ပါတယ်။
ဒေါက်တာ မာတင် လူသာ ကင်းရဲ့ လူ့အခွင့်အရေး တန်းတူ ညီမျှမှု ရှိဖို ဆိုတဲ့ တောင်းဆို မှုတွေ၊ တိုက်ပွဲ ဝင်မှု တွေ မရှိခဲ့ဘူး ဆိုရင် သူဟာ လည်း သမ္မတ ဖြစ်လာဖို့ အကြောင်း မရှိဘူးလို့လည်း သူက ဆိုခဲ့ပါတယ်။
မန်းဖစ် မြို့က လူအများ အပြား ဟာ ဒီ ပွဲ နဲ့ အတူ လက်ရှိ ဖြစ်ပေါ် နေတဲ့ နိုင်ငံတွင်း က လူမျိုးရေး အခြေ အ နေ ကို ထင်ဟပ် နိုင်စေဖို့ ရည်ရွယ် တဲ့ ဆန္ဒပြမှုတွေကိုလည်း လုပ်ဆောင် နေကြပါတယ်။
မာတင် လူသာကင်းသာ ရှိနေဉီး မယ် ဆိုရင် ဒီနေ့ အမေရိကန် မှာ ဖြစ်နေတဲ့ အခြေအနေတွေကို မြင်တွေ့ပြီး စိတ်ပျက် သွားမယ် ထင်ပါတယ်။ လူမျိုး ကွဲပြားခြားနား သူတွေရဲ့ ဆက်ဆံရေး အခြေ အနေ ဟာ ခေတ် နောက်ပြန် ဆွဲ နေတဲ့ အနေအထား ကို ရောက် နေပြီလို့ မာတင် လူသာကင်း လုပ်ကြံ ခံရတဲ့ နေ့ အထိမ်း အမှတ် ပွဲ ကို တက် ရောက် လာသူ တစ်ဉီး က ပြောကြားပါတယ်။
အမေရိကန်နိုင်ငံက အာဖရိကန် အမေရိကန် ပြည်သူတွေအတွက် တန်းတူအခွင့်အရေးရဖို့ ကြိုးပမ်းမှုမှာ အသက်ပေးသွားခဲ့တဲ့ ဒေါက်တာ ကင်းကို ဂုဏ်ပြုတဲ့ ဒီအခမ်းအနားမှာ တန်းတူအခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေနဲ့ ဒေါက်တာ ကင်း ရဲ့ မိသားစုဝင်တွေကို လည်း တွေ့ရပါတယ်။
I have a dream လို့ ကြွေးကြော်ခဲ့သူ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့် အရေး ရရှိဖို့ တောင်းဆို တိုက်ပွဲ ဝင် ရင်း အသက်ပေးသွားခဲ့ရသူ မာတင် လူသာ ကင်းသာ ရှိနေဉီးမယ် ဆိုရင် မျက်မှောက် ခတ် နိုင်ငံရေး အခြေ အနေကြောင့် စိတ်ပျက် လက်ပျက် ဖြစ်နေမှာ လို့ လူတွေက ပြောနေကြပါတယ်။
ဒါ့ အပြင် အသား အရောင် ခွဲခြားမှုနဲ့ ဖိနှိပ် ချုပ်ချယ် မှု တွေကို ဒေါက်တာ မာတင် လူသာကင်း ဂျူနီယာ က ဆက်လက် တိုက်ပွဲ ဝင် နေရအုန်း မှာ မလွဲ ဧကန် ပဲ လို့ ဒီပွဲကို တက်ရောက် လာသူတွေက ပြောဆို နေကြ ပါတယ်။