ဘောလီးဝုဒ်မင်းသား ဆယ်လမန်ခန်း ထောင်ကျ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘောလိဝုဒ် မင်းသား ဆယ်လမန် ခန်း

အိန္ဒိယ ဘောလီးဝုဒ် က အကျော်အမော် မင်းသား ဆယ်လမန် ခန်း ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ က ရှားပါးသမင်မျိုး တွေကိုသတ်ခဲ့မှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

နိုင်ငံ အနောက်ပိုင်း ရာဂျစသန် ပြည်နယ်မှာ ရုပ်ရှင်ရိုက်ကူးစဉ် ထိန်းသိမ်းစောင့်ရှောက်ခံမျိုးစိတ်မှာ ပါတဲ့ သမင် နှစ်ကောင်ကို ခိုးယူ သတ်ဖြတ်မှု နဲ့ သူ့ကို အပြစ်ချခဲ့တာ ဖြစ်ပါတယ်။

ဂျော့ဒ်ပူ မြို့ တရားရုံးရှေ့ကို လာကြတဲ့ သူ့ပရိသတ်တွေကို ထိန်းသိမ်းနိုင်ဖို့ ရာနဲ့ချီတဲ့ ရဲတွေကို ချထားပါတယ်။

သူ့အနေနဲ့ အယူခံ ဝင်နိုင်ပါတယ်။

သူ့လောက်မကြီးလေးတဲ့ အမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ တခြား သရုပ်ဆောင် လေးယောက်ကိုတော့ တရားသေ လွှတ်ခဲ့ပါတယ်။

၂ဝ၁၅ ဒီဇင်ဘာ တုန်းကလည်း အိမ်ခြေရာမဲ့ တယောက် သေဆုံးအောင် ကားတိုက်ခဲ့မှုကနေ ဆယ်လမန်ခန်း လွတ်သွားခဲ့ပါတယ်။

ဘောလီးဝုဒ် အကကြောင့် ဝေဒနာ သက်သာ

ဘောလီးဝုဒ်အကျော်အမော် အမေရိကန်လေဆိပ်မှာ တားဆီးခံရ

စွတ်ဖားဆွဲ သမင်လုံခြုံရေး အပလီကေးရှင်း

Image caption ရှားပါး သမင်ကို သတ်လို့ ထောင်ကျ

၂၀၀၆ ခုနှစ်မှာ သူ့ကို တိရစ္ဆာန် သတ်ဖြတ်မှု ၂ မှု နဲ့ ထောင် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

အဲဒီတုန်း ကတော့ ရာဂျစသန် တရားရုံးက အမှုကို ဆိုင်းငံ့ခဲ့ပြီး နောက်ဆုံး ၂ဝ၁၆ ခုနှစ်မှာ တရားသေ ပြန်လွှတ်ပေးလိုက်တာပါ။

အဲဒီနောက် ပြည်နယ် တရားရုံးကနေ နောက်ထပ် တရားရုံးကို အယူခံ ထပ်တင် ခဲ့တာ ဖြစ်ပါတယ်။

မူလ တရားစွဲသူကတော့ အဲဒီ သမင်မျိုးကို ချစ်မြတ်နိုးတဲ့ ဒေသန္တရ ဘစ်ရှနိုအီ အဖွဲ့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘစ်ရှနိုအီတွေ အောင်ပွဲခံ

မွမ်ဘိုင်းမြို့ ဘန်ဒရာ ဆင်ခြေဖုံး မှာ ရှိတဲ့ ဆယ်လမန်ခန်း ရဲ့ တိုက်ခန်း အဆောက်အဦ နားမှာတော့ နေ့စဉ် လိုလို သူ့ရဲ့ ပရိသတ်တွေကတော့ အုပ်စုလိုက် လာရောက်ပြီး ဆာမန်း ခမ်းကို အရိပ်အယောင် တွေ့ရမလား ဆိုပြီး စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ပရိသတ် အုပ်စု တစုဆိုရင် ဘတ်စကားနဲ့ ၅ နာရီကြာ ခရီးကနေ လာတာကို တွေ့ရပါတယ်။ အဲဒီ ပရိသတ်တွေက ဆယ်လမန်ခန်း ဝရန်တာကနေ သူတို့ကို လက်ဝှေ့ယမ်း ပြမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နေပူကျဲကျဲမှာ လာစောင့်နေကြတယ်လို့ ပြောပါတယ်။

သူ့ရဲ့ ရုပ်ရှင်ကားတွေဟာလည်း အိန္ဒိယ နိုင်ငံ မြို့ရော ကျေးလက်ပါမကျန် ဆက်လက်ပြီး အားပေးသူ အများအပြား ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် DIVYAKANT SOLANKI
Image caption ဆယ်လမန်ခန်းရဲ့ တိုက်ခန်း

အမှန်တကယ်တော့ ဘောလီးဝုဒ် ရုပ်ရှင် လောကကို လေးစားကြတဲ့ အိန္ဒိယ နိုင်ငံမှာ မင်းသား ခန်းဟာ ကြည်ညို လေးစားမှု အခံရဆုံး ထဲက တဦးဖြစ်ပါတယ်။

အခု ဖြစ်ရပ်မှာ မင်းသား ခန်းနဲ့ ပတ်သက်ပြီး အငြင်းပွား စရာကိစ္စနဲ့ အကောင်းပြော တဲ့ ဘက် နှစ်ဘက်စလုံးဟာ အညီ အမျှ ရှိနေကြပါတယ်။

နောက်ပြီး အခု အပြစ်ရှိကြောင်း ချမှတ်လိုက်တဲ့ အတွက် သူ့ရဲ့ ထင်ပေါ်မှုနဲ့ အလုပ်ပိုင်းကို ထိခိုက်မှု မရှိနိုင်ဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါဟာလည်း ခန်းဟာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို ယုံကြည်သူ ဖြစ်တာ ကြောင့်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ