ဆူမိုစည်းဝိုင်းထဲဝင်တဲ့ အမျိုးသမီးတွေကို တောင်းပန်ရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူမို နပမ်း စည်းဝိုင်းထဲဝင်ပြီး ကယ်ဖို့ကြိုးစား

ဂျပန်နိုင်ငံမှာ ဆူမို နပန်း စည်းဝိုင်းထဲဝင်ပြီး အမျိုးသား တယောက်ရဲ့ အသက်ကို ကယ်ဖို့ကြိုးစားတဲ့ အမျိုးသမီး နှစ်ယောက်ကို ဒိုင်လူကြီးက ထွက်သွားဖို့ ပြောခဲ့ပြီးတဲ့ နောက် ဆူမိုအသင်းဥက္ကဋ္ဌက လူသိရှင်ကြား တောင်းပန် လိုက်ပါတယ်။

မိန့်ခွန်းပြောနေရင်း လဲကျသွားခဲ့တဲ့ မိုင်ဇူရု မြို့တော်ဝန် ကို သတိပြန်လည်လာအောင်လုပ်ဖို့ နပန်း စည်းဝိုင်းထဲ ဝင်သွားခဲ့ကြတာပါ။

ဆေးဘက်ဆိုင်ရာ အမျိုးသမီးတွေကို အဲဒီကနေ ထွက်သွားဖို့ အသံချဲ့စက်နဲ့ ထပ်ကာတလဲလဲ ကြေညာခဲ့ပါတယ်။

အနှစ် ၂ဝ အတွင်း ပထမဆုံး ဂျပန် ဆူမိုနပန်းသမား အနိုင်ရ

ဆူမိုကို ဂျပန်လူငယ်တွေ စိတ်ဝင်စားသေးလား

ဓာတ်ပုံ မူပိုင် Getty Images
Image caption စည်းဝိုင်းထဲ ဆားနဲ့ သန့်စင်

ဒီလို အသက်ဘေးနဲ့ ကြုံနေရတဲ့ အနေအထားမှာ စည်းဝိုင်းထဲက ထွက်သွားဖို့ ဒိုင်လူကြီး တယောက်က ကြေညာခဲ့တာ မသင့်တော်ကြောင်း ဆူမို အသင်း ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

အမျိုးသမီးတွေ ထွက်သွားတဲ့ နောက် ဆားတွေ စည်းဝိုင်းထဲ ဖြူးတာကို တွေ့ရတယ်လို့လည်း မျက်မြင် သက်သေတွေက ဆိုပါတယ်။

ဂျပန် ယဉ်ကျေးမှုအရ ဆားကို ဆူမိုနပန်းပွဲ မစခင် သန့်ရှင်းအောင် ဖြူးလေ့ရှိပါတယ်။

ဒီလို ဆားတွေပက်တာဟာ အင်မတန် ရိုင်းပျတယ်လို့ တွစ်တာ သုံးစွဲသူ တယောက်က မှတ်ချက်ပေးပါတယ်။

ဒါဟာ အသက်ကယ်ဖို့ ကြိုးစားသူကို တုံ့ပြန် ဆက်ဆံတဲ့ အမူအရာလား၊ ဆူမို လူကြီးတွေ ပေါ်ကိုပဲ ဆားပက်သင့်တယ်လို့ နောက်တယောက်က ရေးပါတယ်။

ဓာတ်ပုံ မူပိုင် JASON SZENES
Image caption ဂျပန်က ဆူမိုနပန်းသမားများ

ဓလေ့ထုံးတမ်းအရ အမျိုးသမီးတွေဟာ မသန့်ရှင်းဘူးလို့ ယူဆထားကြပြီး အားကစား ကြိုးဝိုင်းထဲ ဝင်ခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။

မြို့တော်ဝန်ကတော့ ဦးနှောက်သွေးကြော ပေါက်သွားခဲ့တာဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

၂ဝဝဝ ပြည့်နှစ်တုန်းကလည်း အိုဆာကာ က အမျိုးသမီး အုပ်ချုပ်ရေးမှူး အိုတာက သူ့ကို စည်းဝိုင်းထဲ ဝင်ပြီး ချန်ပီယံကို ဆုပေးခွင့် ပေးဖို့ တောင်းဆို ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဆူမို အသင်းဘက်က ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီး ဝင်ရတဲ့ ဆူမိုစည်းဝိုင်း

ဆက်စပ် အကြောင်းအရာများ