ပူးဂျ်ဒမွန်ကို ဂျာမန်တရားရုံးက အာမခံနဲ့ပြန်လွှတ်

ဓာတ်ပုံ မူပိုင် EPA
Image caption ပြည်ပရောက် ကတ်တလန် ခေါင်းဆောင် Carles Puigdemont

ပြည်ပရောက် ကတ်တလန် ခေါင်းဆောင် Carles Puigdemont ကို ဂျာမန် တရားရုံးတရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

သူ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့တရားရင်ဆိုင်ဖို့ စပိန်ကို ပြန်မပို့ဖို့လည်း တရားရုံးက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ပူးဂျ်ဒမွန်ဟာ အကြမ်းဖက်တာမျိုး မရှိခဲ့တာကြောင့် ဂျာမန် ဥပဒေတွေအရ ပြစ်မှု မမြောက်ဘူးလို့ နိုင်ငံမြောက်ပိုင်းSchleswig မြို့က တရားရုံးက ပြောပါတယ်။

ဒါပေမယ့် သူ့ကို အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ရင်ဆိုင်ဖို့ ပြန်ပို့မလားဆိုတာကို စဉ်းစားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ ပူးဂျ်ဒမွန်ဟာ ဒိန်းမတ်ကို ဂျာမနီကနေဖြတ်အသွားဘယ်လဂျီယန်ကို ပြန်အလာမှာ အဖမ်းခံရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ