ဂျာမနီမှာ ကားနဲ့တိုက်ခိုက်

germany

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ကားမောင်းသမား သူ့ကိုယ်သူ သတ်သေသွား

ဂျာမနီနိုင်ငံ အနောက်ပိုင်း မင်စတာ မြို့မှာ လူအုပ်ထဲကို ကားနဲ့ ဝင်တိုက်လို့ အနည်းဆုံး ၃ ယောက်သေပြီး လူ ၃ဝ ကျော် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။

ကားမောင်းသမား သူ့ကိုယ်သူ သတ်သေသွားတယ်လို့လည်း ဂျာမန် သတင်းဌာနတွေက ရေးပါတယ်။

မင်စတာ မြို့ဟောင်းပိုင်းကို ရဲက ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မင်စတာ မြို့ဟောင်းပိုင်းကို ရဲက ပိတ်ထား

လူနာတချို့ အခြေအနေ စိုးရိမ်ရတယ် လို့လည်း ဆိုပါတယ်။

လူတွေကို မြို့ထဲ မသွားဖို့ ရဲက သတိပေးနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Paul Fegmann

ဓာတ်ပုံ ပုံစာ,

စားပွဲ ကုလားထိုင် ပြိုလဲပြီး ဖရိုဖရဲ ဖြစ်နေ

အခင်းဖြစ်ပွားရာ အနီးတဝိုက်က စားသောက်ဆိုင် တခုမှာ စားပွဲ ကုလားထိုင် ပြိုလဲပြီး ဖရိုဖရဲ ဖြစ်နေတဲ့ ပုံတွေကို လူမှုကွန်ယက်တွေမှာ တွေ့ရပါတယ်။

၂ဝ၁၆ ဒီဇင်ဘာ တုန်းက ဘာလင် ခရစ္စမတ် စျေးတန်းထဲမှာ လော်ရီကားနဲ့ ဝင်တိုက်လို့ လူ ၁၂ ယောက် သေဆုံးခဲ့ရပါတယ်။