နယူးယောက်က ထရမ့်တာဝါ မီးလောင်

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ထရမ့်တာဝါ

နယူးယောက်မြို့မှာရှိတဲ့ ထရမ့်တာဝါရဲ့ အလွှာ ၅၀ မှာ မီးလောင်နေတာကို မီးသတ်သမားတွေ အသည်းအသန် မီးငြှိမ်းသတ်နေရပါတယ်။

ဒီမီးကြောင့် လူတဦး စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ နယူးယောက်မြို့ မီးသတ်တပ်ဖွဲ့ရေးမှူး က ပြောပါတယ်။

အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် မီးသတ်သမား ၄ ဦးလည်း ဒဏ်ရာရရှိထားပါတယ်။

ဒီမီးဟာ အလွန်ငြှိမ်းသတ်ရခက်တဲ့ မီးဖြစ်ပြီး အဆောက်အဦတွင်းမှာ မီးခိုးငွေ့တွေ ကျန်နေနိုင်သေးတယ်လို့ မီးသတ်တပ်ဖွဲ့ရေးမှူး ဒန်နီရယ် နီဂရို က ဆိုပါတယ်။

ဒီအဆောက်အဦဟာ သမ္မတ ဒေါ်နယ်ထရမ့်ပိုင် စီးပွားရေးအဖွဲ့ ရုံးချုပ်ရှိရာ နေရာလည်း ဖြစ်ပါတယ်။

နောက်ပြီး ဒီအဆောက်အဦထဲမှာ ထရမ့်ရဲ့ ရုံးလည်း ရှိသလို အိမ်လည်း ရှိပါတယ်။

ဒီတာဝါမီးလောင်နေချိန်မှာတော့ သမ္မတ ထရမ့်က ဝါရှင်တန်ဒီစီမှာ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ