ဘရာဇီး သမ္မတဟောင်း လူလာ အဖမ်းခံလိုက်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption သူတို့ခေါင်းဆောင် ကို သွား အဖမ်းမခံဖို့ တားမြစ်ခဲ့ကြ

လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင် ၁၂ နှစ် ပြစ်ဒဏ်ကျခံဖို့ အမိန့်ချခံထားတဲ့ ဘရာဇီး သမ္မတဟောင်း လူးဝစ် အင်နာချီယို လူလာ ဒါ ဆေးဗားဟာ ရဲတပ်ဖွဲ့ဆီမှာ သွားရောက် အဖမ်းခံခဲ့ပါတယ်။

မစ္စတာ လူလာ ဟာ ဆော်ပေါ်လို မြို့အနီး သူ့ရဲ့ မွေးရပ်မြေမြို့က သမဂ္ဂအဆောက်အအုံမှာ နှစ်ရက်တာ နေခဲ့ပြီး အခု သူထွက်လာတဲ့အချိန်မှာတော့ သွားရောက်အဖမ်းမခံဖို့ ထောက်ခံသူတွေက သူ့ကို တားဆီးခဲ့ကြပါတယ်။

သူကတော့ ကျွန်တော် သွားအဖမ်းခံပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူလာ တစ်ယောက် ထွက်ပြေးတိမ်းရှောင်သွားပြီလို့ ပြောတော့မှာပါ၊ ကျွန်တော်ဘယ်တော့မှ မရှောင်ပုန်းပါဘူး၊ သူ့တို့မျက်နှာကို စေ့စေ့ကြည့်ပြီး ကျွန်တော့်မှာ အပြစ်မရှိဘူးဆိုတာကို သက်သေသွားပြမှာပါ လို့ ပြောပါတယ်။

၁၂ နှစ် ပြစ်ဒဏ်ကို ကျခံဖို့ အတွက် သူကိုယ်တိုင် လာရောက်အဖမ်းခံဖို့ တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ အပြစ်မရှိကြောင်း အခိုင်အမာ ပြောထားပေမယ့်လည်း ဒီဖမ်းဝရမ်းကို သူလိုက်နာမှာ ဖြစ်တယ်လို့ မစ္စတာ လူလာက ပြောဆိုခဲ့ပါတယ်။

လာမယ့်အောက်တိုဘာလမှာ လုပ်မယ့် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လို့ မရအောင် သူ့ ကို နိုင်ငံရေး အရ တိုက်ခိုက်နေကြတာ လို့ သူက တုံ့ပြန်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ