မြောက်ကိုရီးယားမာရသွန် ပြည်ပက လူတွေ၀င်ပြိုင်

ဓာတ်ပုံ မူပိုင် ED JONES
Image caption နိုင်ငံတကာက အပျော်တမ်း အပြေးသမားတွေ ရာနဲ့ချီပြီး မာရသွန် ဝင်ပြေး

ကမ္ဘာနဲ့ တံခါးပိတ်ထားတဲ့ နိုင်ငံလို့ ယူဆနေကြတဲ့ မြောက်ကိုရီးယား နိုင်ငံမှာ နိုင်ငံတကာက အပျော်တမ်း အပြေးသမားတွေ ရာနဲ့ချီပြီး မာရသွန် ဝင်ပြေးခဲ့ကြပါတယ်။

ပြုံယမ်း မြို့တော်က ဒီမာရသွန်ကို နှစ်စဉ်နှစ်တိုင်း သူတို့ နိုင်ငံကို တည်ထောင်သူ ခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့ မွေးနေ့ အထိမ်းအမှတ် ကျင်းပကြတာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံခြားသားတွေ ရာချီ ဝင်ပြိုင်ပေမယ့် ဒီနှစ် ဝင်ပြေးသူက မနှစ်က တဝက်ပဲ ရှိတယ် လို့လည်း သိရပါတယ်။

အမေရိကန်က ခရီးသွားခွင့် ပိတ်ထားတာရယ်နဲ့ အဏုမြူ စစ်ကြီး ဖြစ်မှာကို ကြောက်နေကြလို့ ဒီလို ဝင်ပြိုင်သူ နည်းတာလို့ ဆိုပါတယ်။

မြောက်ကိုရီးယားကို ကူညီတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို ကုလ အရေးယူ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်ဂျုံအွန်းရဲ့ တရုတ်ပြည်ခရီး
ဓာတ်ပုံ မူပိုင် ED JONES
Image caption မာရသွန်မှာ ကမ္ဘာလှည့် ခရီးသွားတွေ မြောက်ကိုရီးယားကို အများဆုံး ဝင်ပြီး လည်ပတ်

ဒီမာရသွန် ပြေးပွဲဟာ အနောက်တိုင်းက ကမ္ဘာလှည့် ခရီးသွားတွေ အဖို့ မြောက်ကိုရီးယားကို အများဆုံး ဝင်ပြီး လည်ပတ်ကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဝင်ပြေးကြတဲ့ နိုင်ငံခြားသားက ၄၃ဝ လောက် ရှိပါတယ်။

မနှစ်က လူ တထောင် ကျော် ဝင်ပြိုင်တာ ဆိုတော့ ခေါက်ချိုးကျသွားတာလို့ ပြောနိုင်ပါတယ်။

ဗီယက်နမ်-မြောက်ကိုရီးယား အချစ်ဇာတ်လမ်း

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လာမယ့် သတင်းပတ်ထဲ တောင်နဲ့ မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးမယ်
ဓာတ်ပုံ မူပိုင် ED JONES
Image caption မြောက်ကိုရီးယားမှာ ဆယ်လ်ဖီဆွဲ

မြောက်ကိုရီးယား ကို တနှစ် တနှစ် အနောက်တိုင်းက ခရီးသည် ငါးထောင်ကျော် လာလေ့ ရှိပြီး ဒီထဲမှာ အမေရိကန်က တထောင်လောက် ရှိပါတယ်။

ဒါပေမဲ့ အမေရိကန် ကျောင်းသား အော်တို ဝမ်းဘီးယား အဲဒီ တိုင်းပြည်မှာ အားလပ်ရက်သွားရင်း တနှစ်ခွဲလောက် အဖမ်းခံရပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ အတွက် အမေရိကန်က မြောက်ကိုရီးယားကို သူ့နိုင်ငံသားတွေ သွားလာခွင့် ပိတ်ခဲ့ပါတယ်။

ဝမ်းဘီးယားဟာ အမေရိကန်ကို မနှစ် ဇွန်လက သတိမေ့မျော ပြန်ရောက်လာပြီး မကြာခင်မှာ သေဆုံးသွားခဲ့ပါတယ်။

ဝမ်းဘီးယား ဦးနှောက်ကျုံ့ရောဂါ ခံစားနေရ

ဓာတ်ပုံ မူပိုင် AFP
Image caption အာဖရိက က ၁၃ ယောက် အပါအဝင် ကြေးစားအဆင့် အပြေးသမားတွေလည်း ပါ

ဒီနှစ် မာရသွန်မှာ အာဖရိက က ၁၃ ယောက် အပါအဝင် ကြေးစားအဆင့် အပြေးသမားတွေလည်း ပါပါတယ်။

မြောက်ကိုရီးယား က ၂ဝ၁၄ ခုနှစ် ကတည်းက နိုင်ငံခြားက အပြေးသမားတွေ ဝင်ပြိုင်ခွင့် ပြုခဲ့ပြီး အဲဒီကတည်းက သူတို့ရဲ့ ခရီးသွား လုပ်ငန်းတိုးတက် လာတာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တင်းမာမှုတွေကြောင့် ပြိုင်ပွဲဝင်သူတွေရဲ့ စိတ်မှာ ကြောင့်ကြ ခဲ့ပေမယ့်လည်း မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားမှာ ဆောင်းရာသီ အိုလံပစ် ဝင်ပြိုင်တာလို အခြေအနေတွေ တည်ငြိမ်အောင် ဆောင်ရွက်ခဲ့တာတွေကြောင့် ဒီကြောက်ရွံ့စိတ်တွေ ပပျောက်ခဲ့ရပါတယ်။

ဆောင်းရာသီအိုလံပစ် မြောက်ကိုရီးယားနွှဲမယ်

ဒီလပိုင်းအတွင်း ခရီးသွားတွေဆီက မာရသွန်ကို စိတ်ဝင်စားတာ တက်လာတယ်လို့လည်း ခရီးသွား ကုမ္ပဏီတွေက ဆိုပါတယ်။

ဗြိတိန်က သွားပြေးတဲ့ ကျောင်းသား တယောက်ကတော့ သူ့အစိုးရက မြောက်ကိုရီးယားကို မသွားဖို့ တားမြစ်ပေမယ့် မသွားနဲ့ ဆိုမှ လူ့သဘာဝက ပိုသွားချင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ED JONES
Image caption ၂ဝ၁၄ ခုနှစ် ကတည်းက နိုင်ငံခြားက အပြေးသမားတွေ ဝင်ပြိုင်ခွင့် ပြု

ဆက်စပ် အကြောင်းအရာများ