ဆီးရီးယားကိုတိုက်ခိုက်မှုမှာ ဗြိတိန်က တိုက်လေယာဉ် ၄ စင်း နဲ့ပစ်ကူ

ဓာတ်ပုံ မူပိုင် MOD
Image caption ဗြိတိန် တော်ဝင်လေတပ်က တိုက်လေယာဉ်

အမေရိကန်၊ပြင်သစ်တို့က ဆီးရီးယားကိုတိုက်ခိုက်မှုမှာ ဗြိတိန်ကလည်း တိုက်လေယာဉ် ၄ စင်းနဲ့ အားဖြည့်ပြီး ပါဝင်လိုက်ပြီဖြစ်ပါတယ်။

အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ်တို့က ဆီးရီးယားရဲ့ဓာတုလက်နက်ထုတ်လုပ်တယ်လို့ယူဆရတဲ့ နေရာတွေ ကို လေကြောင်းတိုက်ခိုက်မှုတွေ ဒီကနေ့မနက်မှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အရင် တပတ် စနေနေ့က သူပုန်တွေ ထိန်းချုပ်တဲ့ ဒူမာမြို့မှာ အစိုးရတပ်က ဓာတုလက်နက် အသုံးပြုခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အနောက်အုပ်စု အင်အားကြီး မဟာမိတ် ၃ နိုင်ငံက ဆီးရီးယား အပေါ် အခုလို စစ်ရေးအရ အရေးယူတာပါ။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ က ဗြိတိန် က ဒီတိုက်ခိုက်မှုမှာ ပါဝင် တယ်ဆိုတာကို အတည်ပြု ပြောကြားခဲ့ပြီး အင်အားသုံးတဲ့နည်းက လွဲပြီး ဘာမှရွေးချယ် စရာမရှိတော့ဘူးလို့ ပြောပါတယ်။ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်း က လည်း သူတို့နိုင်ငံလည်း ဒီစစ်ဆင်ရေး မှာ ပါဝင်ကြောင်း အတည်ပြု ပြောကြားထားပါတယ်။

ဆက်စပ် အကြောင်းအရာများ