ဗလီဖောက်ခွဲမှုနဲ့ ဖမ်းထားသူတွေကို တရားသေပြန်လွှတ်

Image caption အစွန်းရောက် ဝါဒီတယောက် ဖြစ်တဲ့ Swami Aseemanand (ဝဲ)

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့က သမိုင်း၀င် ဗလီတခုကို လွန်ခဲ့တဲ့ ၁၁နှစ်တုန်းက ဖောက်ခွဲခဲ့မှုနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီးထားတဲ့ လူငါးယောက်ကို တရားရုံးက တရားသေ ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြန်လွှတ်တဲ့ အထဲမှာ ဟိန္ဒူ အစွန်းရောက် ဝါဒီ Swami Aseemanand ပါ၀င်ပြီး သူဟာ အရင်တုန်းက အိုင်အက်စ် အဖွဲ့လက်ချက်လို့ ပြောနေခဲ့တဲ့ တခြား တိုက်ခိုက်မှုတွေနဲ့လည်း ဆက်စပ်မှု ရှိသူ ဖြစ်ပါတယ်။

သူတို့မှာ အပြစ်ရှိကြောင်း သက်သေ မပြနိုင်တဲ့ အတွက် ပြန်လွှတ်ပေးလိုက်တာလို့ တရားရုံးက ပြောပါတယ်။

အဲဒီအမှုကို ဆုံးဖြတ်ချက်ချခဲ့တဲ့ တရားသူကြီးကတော့ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ ရာထူးက နုတ်ထွက်သွားပြီလို့ သတင်းတွေက ဆိုပါတယ်။

၂၀၀၇ ခုနှစ်တုန်း Mecca Masjid ဗလီ ပေါက်ကွဲမှုကြောင့် လူ၁၄ယောက် သေဆုံးခဲ့ပြီး နောက်ပိုင်းမှာ ဒီကိစ္စကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ