အင်တာနက်ကို အိန္ဒိယကစတယ်ပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption မဟာဘာရတဇာတ်ကို ကိုးကားပြီးဆို

အိန္ဒိယ နိုင်ငံမှာ ဝန်ကြီးတယောက်က အင်တာနက်ကို ရှေးဟောင်း အိန္ဒိယ လူမျိုးတွေက အနှစ်ထောင်ချီက စပြီး တီထွင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အရှေ့မြောက်ပိုင်း တြိပူရ ပြည်နယ် ဝန်ကြီးချုပ် ဘိုင်ပလပ်ဒပ်က အင်္ဂါနေ့ ညနေက လူထုနဲ့ တွေ့ဆုံပွဲ တခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

နာမည်ကြီး ဟိန္ဒူ ဇာတ်ကြီး ဖြစ်တဲ့ မဟာဘာရတ ဇာတ်ကို ကိုးကားပြီး အင်တာနက်ကို အိန္ဒိယက စကြောင်း သက်သေထူပေမယ့် လူတွေက မယုံကြပါဘူး။

တြိပူရက ဝန်ကြီးချုပ် ဘိုင်ပလပ်ဒပ်ဆိုပြီး တွစ်တာ ဝက်ဆိုက်မှာ အိန္ဒိယ နိုင်ငံသားတွေက သူ့ကို လှောင်ပြောင်နေကြပါတယ်။

ပြန်ကြားရေး အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံရ

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စသုံးပြီ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းပေါ်က နန်းတော်
ဓာတ်ပုံ မူပိုင် NOAH SEELAM
Image caption အာရှတလွှား နာမည်ကျော်တဲ့ ရာမဇာတ်

အိန္ဒိယကို အုပ်ချုပ်နေတဲ့ ဟိန္ဒူ အမျိုးသားရေး ပါတီ ဘီဂျေပီ ဝန်ကြီး တော်တော်များများလည်း သူ့လိုပဲ ပေါက်ပေါက်ရှာရှာ ပြောကြပါတယ်။

လက်ရှိ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ ဆိုရင် ခေတ်မီ နည်းပညာ တီထွင်မှုတွေကို အိန္ဒိယမှာ ရှေးကတည်းက စတယ်လို့ ဆိုပါတယ်။

အလှပြင် ခွဲစိတ်ကုသမှုဟာ အိန္ဒိယမှာ ရှေးကတည်းက ရှိပါတယ် ဆိုပြီး ၂ဝ၁၄ တုန်းကလည်း မစ္စတာ မိုဒီက မွမ်ဘိုင် ဆေးရုံတခုမှာ ဆရာဝန်တွေကို ပြောဖူးပါတယ်။

အငယ်တန်း ပညာရေး ဝန်ကြီး ဆင်းကလည်း လေယာဉ်ပျံကို ရာမဇာတ်မှာ စပြီး ဖော်ပြတယ်လို့ ပြောလို့ လူအများ မျက်ခုံးပင့်ကြပါတယ်။

သီတာဒေဝီကို လေယာဉ်နဲ့ ပင့်ဆောင် ခိုးပြေးတာကလည်း ရာမဇာတ်မှာ ပါပါတယ်။

အာဖရိကကို အင်တာနက် ပေးမယ့် ဖေ့စ်ဘွတ် ဂြိုလ်တု ပျက်စီးသွား

အင်တာနက်ကို ဒရုံးနဲ့ချိတ်ပေးဖို့ ဖေ့စ်ဘုတ်ခ် စီစဉ်

အိမ်မပြန်နိုင်တဲ့ အိန္ဒိယ မြန်မာများ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စွန့်စားပြီး တက်လမ်းရှာတဲ့ အိန္ဒိယ လူငယ်တွေ
ဓာတ်ပုံ မူပိုင် STR
Image caption မိုဒီနဲ့ တြိပူရ ဝန်ကြီးချုပ်

မဟာဘာရတဇာတ်မှာ ပါတဲ့ ကုရုသျှတ္တရ တိုက်ပွဲက အင်တာနက်နဲ့ ဂြိုဟ်တု နည်းပညာတွေ ရှေးကတည်းက အိန္ဒိယမှာ သုံးနေတာ ပြနေကြောင်း မစ္စတာ ဒပ်က ပြောပါတယ်။

ဒီဇာတ်တော်မှာ ပါတဲ့ ဆန်ဂျေယ ဆိုတဲ့ ဇာတ်ကောင်ဟာ မိုင်အဝေးကြီးမှာ ဖြစ်နေတဲ့ တိုက်ပွဲကို ချက်ချင်း ဘုရင်ဆီ ပြန် သံတော်ဦး တင်နိုင်တဲ့အတွက် ဒီနည်းပညာတွေ ရှိခဲ့ပြီး ဖြစ်တယ်လို့ သူက ဆိုတာ ဖြစ်ပါတယ်။

ဒီလို ထွက်ပြော လာလို့ တောင်အာရှ သမိုင်း ပါမောက္ခတွေ အပါအဝင် လူတော်တော်များများရဲ့မေးခွန်းထုတ် ဝေဖန်တာကို ခံရပါတယ်။

လူမှုကွန်ရက်ကို ထိန်းကျောင်းဖို့ အဆို ဆွေးနွေးမယ်

မြန်မာပြည်ရောက် အိန္ဒိယ ဘုရင်

အိန္ဒိယ မြန်မာ ဆက်ဆံရေး နှစ်ထောင်ချီခရီး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
WWE ရဲ့ ပထမဆုံး အိန္ဒိယ အမျိုးသမီး နပမ်းမယ်