ဧဝရက်ကို နီပေါသူတွေ စံချိန်တင်တက်

ဓာတ်ပုံ မူပိုင် PURNIMA SHRESTHA

နီပေါမှာ ဒီနှစ် အမျိုးသမီးတွေ စံချိန်တင်အောင် ဧဝရက်တောင်ထိပ်ကို တက်ဖို့ ကြိုးစားနေကြပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင်ထွတ်ကို နီပေါ နိုင်ငံဘက်ခြမ်းကနေပြီး နီပေါသူ ၁၅ ယောက် တက်ကြဖို့ စီစဉ်နေတယ်၊ နီပေါ အမျိုးသားကတော့ ၅ ယောက်ပဲ ပါမယ်လို့ အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။

၂ဝဝ၈ ခုနှစ်က နီပေါအမျိုးသမီး ၁ဝ ယောက် တောင်ထိပ်ကို တက်ကြတာက နောက်ဆုံးတခေါက် အများဆုံး ဖြစ်ပါတယ်။

တရုတ်နဲ့ နီပေါ ပထမဆုံး စစ်ရေးလေ့ကျင့်

နီပေါမှာ လေယာဉ် ပျက်ကျ ၄၉ ဦးသေ

ဓာတ်ပုံ မူပိုင် PURNIMA SHRESTHA
Image caption အမျိုးသမီးတွေ လူကုန်ကူးခံရတာကို ဖော်ထုတ်

ဒီနှစ်မှာ တက်မယ့် သူတွေကတော့ နီပေါမှာ အမျိုးသမီးတွေ လူကုန်ကူးခံရတာလို ကျားမ ပြဿနာတွေအကြောင်း လူတွေသိစေချင်လို့ ခုလို တက်ဖို့ စီစဉ်တာလို့ ဆိုကြပါတယ်။

အခု သူတို့ တောင်ခြေက စခန်းမှာ ရောက်နေကြပြီ ဖြစ်ပါတယ်။

ကာချုပ်လာတာကို နီပေါမှာ ဝေဖန်

တယောက်တည်း တောင်တက်မယ့်သူကို နီပေါခွင့်မပြု

ဓာတ်ပုံ မူပိုင် SHARMILA SYANGTAN
Image caption နိုင်ငံတကာအသိအမှတ်ပြု နီပေါတောင်တက်လမ်းပြအမျိုးသမီးတွေ ရှိပြီ

နီပေါမှာ ဗုဒ္ဓဖွားမြင်ခဲ့တာရယ်၊ အမျိုးသမီး လူကုန်ကူးခံရတာကို တားဆီးဖို့ရယ် တက်ကြမယ်လို့ ရှာမီလာ လာမားက တောင်ခြေစခန်းကနေ ဆိုပါတယ်။

နီပေါမှာ ကျေးလက်က အမျိုးသမီးတွေကို တခြားနိုင်ငံတွေမှာ အလုပ်ရှာပေးမယ် ဆိုပြီး လူကုန်ကူးခံနေရတာ ဖြစ်ပါတယ်။

တကယ်က သူတို့ကို နိုင်ငံခြားမှာ လိင်ကုန်ကူးဖို့ ရောင်းစားကြတာ ဖြစ်ပါတယ်။

၂ဝ၁၅ တုန်းက နီပေါမှာ ငလျင်ဒဏ် ခံလိုက်ရတဲ့ နေရာတွေက မိန်းကလေးတွေ ပစ်မှတ်ထား လူကုန်ကူးခံနေရတယ်လို့လည်း သိရပါတယ်။

ဧဝရက်တောင်ထိပ်မှာ မြန်မာအလံ စိုက်ပြီ

ဓာတ်ပုံ မူပိုင် SHARMILA LAMA
Image caption တောင်ကြီး ဖဝါးအောက်

နီပေါမှာ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူခဲ့တဲ့ နေရာဆိုတာ ထပ်ပြီး ပြောချင်တယ် လို့လည်း လာမာက ဆိုပါတယ်။

တချို့ လူတွေက ဗုဒ္ဓကို အိန္ဒိယမှာ မွေးဖွားတယ် လို့ပဲ ထင်နေကြတယ်လို့ သူက ဆိုပါတယ်။

သူတို့ တောင်တက် အဖွဲ့ အနေနဲ့ ဟိမဝန္တာ ဒေသခံတွေ မဟုတ်လို့ တောင်အမြင့်ကြောင့် အခက်အခဲ ရှိတယ်လို့လည်း ဆိုပါတယ်။

အခုတော့ ခေါင်းကိုက်နေတယ်၊ ဒါပေမဲ့ တက်ဖို့ ကြိုးစားသွားမယ် လို့လည်း ပြောပါတယ်။

ဒီတောင်တက်အဖွဲ့မှာ လာမာလို တောင်တက် လမ်းပြ အပြင် အပျော်ထမ်း တောင်တက်သမားတွေလည်း ပါပါတယ်။

ဒီထဲက တယောက်က ဓာတ်ပုံ သတင်းထောက် ပူရင်မာ ရှရီသာပါ။

အခုကတည်းက သူက တောင်ခြေစခန်းမှာ နီပေါ အမျိုးသမီးတွေရဲ့ အပြုံးဆိုတဲ့ ဓာတ်ပုံပြပွဲ လုပ်နေပြီး တောင်ထိပ်မှာလည်း ပုံတွေပြမယ်လို့ ဆိုပါတယ်။

နီပေါမှာ အဋ္ဌမ အမြင့်ဆုံး မာနာဆာလူ တောင်ထွတ်ကိုလည်း သူ မနှစ်က တက်ခဲ့ပြီးပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် PURNIMA SHRESTHA
Image caption ဓာတ်ပုံ သတင်းထောက်ရဲ့ ပြပွဲ

သတင်းထောက် အမျိုးသမီး ၅ ယောက် ကတော့ နီပေါ မီဒီယာတွေရဲ့ အာရုံစိုက်ခံနေရပါတယ်။

အမျိုးသမီးတွေ အနေနဲ့ ဘာမဆို လုပ်နိုင်တယ် ဆိုတာ ပြဖို့ လာတာ၊ လူမှုရေးနဲ့ ပတ်ဝန်းကျင် အရေး ကိစ္စ တွေကို တောင်ခြေ စခန်းနဲ့ ဧဝရက် တောင်ထိပ်ကနေ ကျွန်မတို့တိုက်ရိုက် ထုတ်လွှင့်သွားမယ် လို့ ရိုရှာ ဘတ်စနက်က ပြောပါတယ်။

ဒီထဲမှာ ရှာပ မျိုးနွယ်က အမျိုးသမီး သုံးယောက်ပါပါတယ်။

ရှာပတွေကို တောင်တက်ကျွမ်းတယ်လို့ လူသိများပြီး ဧဝရက်ကို အတက်နိုင်ဆုံး ရှစ်ခေါက်နဲ့ စံချိန်တင်ထားတဲ့ အမျိုးသမီး ကလည်း ရှာပထဲက ဖြစ်ပါတယ်။

၁၉၇၅ မှာ ဂျပန် အမျိုးသမီး တယောက် စတက်တာကစပြီး ဧဝရက်ကို အမျိုးသမီး ၃၂၃ ယောက် အောင်မြင်စွာ တက်နိုင်ခဲ့ပါတယ်။

အမျိုးသားကတော့ သုံးထောင်ကျော် တက်ခဲ့ပြီး နီပေါက ၁၃၅ ယောက် ပါပါတယ်။