ဆွာဇီလန် ကနေ အက်ဆွာတီးနီ လို့ နာမယ်ပြောင်း

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၈၆ ကတည်းက တိုင်းပြည်ကို တယောက်တည်း အုပ်ချုပ်ခဲ့တဲ့ ဘုရင် တတိယမြောက် မတ်ဆွားတီး (အလယ်လူ)

ဆွာဇီလန် ဘုရင် တတိယမြောက် Mswati မတ်ဆွားတီး ဟာ မမျှော်လင့်ဘဲ တိုင်းပြည်ရဲ့ တရားဝင် နာမယ်ကို ပြောင်းခဲ့ပါတယ်။

နိုင်ငံ လွတ်လပ်ရေး နှစ်ငါးဆယ်ပြည့် အခမ်းအနားလည်းဖြစ် သူ့ရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့လည်းဖြစ်တဲ့ အခမ်းအနားမှာ တိုင်းပြည်နာမယ်ကို အက်ဆွာတီးနီ ပြောင်းလဲ ခေါ်ဆိုဖို့ သူက ကြေညာခဲ့တာ ဖြစ်ပါတယ်။

အက်ဆွာတီးနီ ဆိုတာကတော့ ဆွာဇီတို့ရဲ့ မြေလို့ အဓိပ္ပါယ်ရပါတယ်။

ဆွာဇီလန် ဘုရင်ဟာ သက်ဉီးဆံပိုင် စံနစ်နဲ့ အုပ်ချုပ်တဲ့ တယောက်တည်းသော လက်ကျန် ဘုရင် တပါး ဖြစ်ပြီး ၁၉၈၆ ကတည်းက အာဏာကို ရယူထားတာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ ဖိနှိပ်မှု အမျိုးသမီးတွေကိုလည်း ခွဲခြား ဆက်ဆံမှု ရှိတယ် ဆိုပြီး လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောနေပါတယ်။

ဆက်စပ် အကြောင်းအရာများ