အာဆင် ဝင်းဂါး အနားယူဖို့ ကြေညာ

ဓာတ်ပုံ မူပိုင် ADRIAN DENNIS
Image caption အာဆင်နယ်အသင်းကို တသက်လုံး ဆက်ပြီး အားပေးသွားမယ်

၂၂ နှစ်တာ ထမ်းဆောင်ခဲ့တဲ့ အာဆင်နယ်နည်းပြ အာဆင် ဝင်းဂါးက အချိန်ကျပြီလို့ ခံစားမိတဲ့အတွက် လက်ရှိ ဘောလုံးရာသီကုန်ရင် အနားယူမယ်လို့ ကြေညာလိုက်ပါတယ်။

အာဆန် ဗန်းဂါးဟာ သူ့ရဲ့ သက်တမ်းတလျှောက်မှာ ပရီးမီးယားလိဂ် ချန်ပီယံ သုံးကြိမ်နဲ့ အက်ဖ်အေ ဖလား ၇ ကြိမ် ရရှိထားပြီး အာဆင်နယ်အသင်းကို တသက်လုံး ဆက်ပြီး အားပေးသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

၁၉၉၆ ကစပြီး အာဆင်နယ်မှာ နည်းပြလုပ်လာတဲ့ အာဆန် ဝင်းဂါးဟာ ပရီးမီးယားလိဂ် အဖြစ် နာမည်စသုံးခဲ့တဲ့ ၁၉၉၂ နောက်ပိုင်း သက်တမ်း အကြာဆုံး အသင်းတသင်းတည်းမှာ နည်းပြလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

အာဆင်နယ် ဝက်ဆိုက်ကတဆင့် ထုတ်ပြန်လိုက်တဲ့ အခုလို ကြေညာချက်ထဲမှာ သူ့ရဲ့ နောက်ဆုံးနှစ်အတွင်း အောင်မြင်မှုတွေနဲ့ အဆုံးသတ်ရေးအတွက် ပရိသတ်တွေက ထောက်ခံ အားပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရခဲ့တဲ့ အာဆင်နယ်
ဓာတ်ပုံ မူပိုင် Michael Stephens

ဘောလုံး အားကစားကို ဘယ်လို ပြုပြင် ပြောင်းလဲပစ်ခဲ့

အာဆင် ဝင်းဂါး ပထမဆုံး စပြီး ပြောင်းလဲ ပေးလိုက်တာကတော့ နိုင်ငံတကာ ဘောလုံးသမားတွေ အများအပြား ခေါ်သွင်းလာတာ ဖြစ်ပါတယ်။

သူဝင်လာတဲ့ အနှစ် ၂ဝ ကျော်တုန်းက အသင်းတော်တော်များများမှာ ဘောလုံးသမားတွေက အင်္ဂလိပ်တွေပဲ ဖြစ်ကြပါတယ်။ ဝင်းဂါး အာဆင်နယ် စကိုင်တုန်းကဆို သူ့အသင်းမှာ နိုင်ငံခြားသား တယောက်ပဲ ပါပါတယ်။

ဒါကို သူက နိုင်ငံခြား လူငယ် ခြေတက်တွေ အများအပြား ခေါ် ယူပြီး ပြောင်းလဲခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်နဲ့ ပြင်သစ် စကားပြောတဲ့ အာဖရိက နိုင်ငံတွေက ဖြစ်ပါတယ်။

ဒီလိုနဲ့ နိုင်ငံခြား ဘောလုံးသမားတွေက အာဆင်နယ်မှာ အများစု ဖြစ်လာသလို ချယ်လ်ဆီးစတဲ့ အသင်းတွေကလည်း စခေါ်လာပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကွန်မြူနတီဒိုင်းလုပွဲမှာ ချန်ပီယံဖြစ်လာတဲ့ အာဆင်နယ်

နောက်တော့ ဝင်းဂါးက အင်္ဂလိပ်မပါတဲ့ အသင်းသား ၁၁ ယောက်နဲ့ ဘောပွဲတွေ အကြိမ်ရာချီ လုပ်ခဲ့ပါတယ်။

နောက် ဝင်းဂါး အာဆင်နယ် မရောက်ခင်က ဂျပန် နာဂိုယာ အသင်းမှာ လုပ်ခဲ့တော့ အဲဒီ အသင်းမှာ ဝတာ တယောက်မှ မရှိဘူးလို့ သူ သတိထားမိပါတယ်။

ကျန်းမာရေးနဲ့ ညီအောင် အရွက်ပြုတ်၊ ထမင်းနဲ့ ငါး စတာတွေပဲ စားတာပါ။ အင်္ဂလန်မှာလို အသားနဲ့ အချိုတွေ အများကြီး စားတဲ့ လူတွေ မဟုတ်ပါဘူး။

ဓာတ်ပုံ မူပိုင် Martin Rickett
Image caption ဝင်းဂါးကို ထွက်စေချင်သူတွေလည်းရှိ

နောက် အင်္ဂလိပ် အသင်းမှာလည်း သောက်တဲ့ အကျင့်က အတော် နာမည်ပျက်ပါတယ်။

အသောက်နဲ့ အစား တွဲမိတော့ ပိုဆိုးသွားပါတယ်။

ဒါကို ဝင်းဂါးက ကစားပွဲနားချိန်မှာ ချော့ကလက်ပြား ကျွေးတာ ကို စဖြုတ်ပြီး ပြောင်းလဲပါတယ်။

တဖြည်းဖြည်းနဲ့ အရင် ဘောလုံး လောကမှာ သိပ်မသိကြတဲ့ အားကစား အာဟာရ နည်းပညာတွေ နဲ့ စားပုံသောက်ပုံတွေကို ပြောင်းလဲ ပစ်နိုင်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အက်ဖ်အေကပ်မှာ အာဆင်နယ် ချန်ပီယံထပ်ဖြစ်

နောက် ဝင်းဂါး ထပ်ပြောင်းလဲခဲ့တာကတော့ ဘောလုံး ကစားပုံပါ။

အရင်ကဆို ဘောလုံး ကို ဂိုးထဲ ဝင်ဖို့ အားစိုက် ကစားကြတာပါ။

တဘက်အသင်းကို တိုက်ဖျက်မယ်၊ ကိုယ့်လူ ဂိုးရှူးနိုင်ဖို့ အဆုံးထိ ကာကွယ်မယ် ဒါပါပဲ။

ဓာတ်ပုံ မူပိုင် ADRIAN DENNIS
Image caption ကစားနည်းကွက်တွေထွင်ခဲ့

ဒါကို သူက ကစားနည်းသစ်တွေနဲ့ ဘောလုံးကို ရင်တမမနဲ့ ပွဲချိန် တလျှောက်လုံး စောင့် ကြည့်ရတဲ့ ပွဲတွေ ဖြစ်အောင် ပြောင်းခဲ့ပါတယ်။

တချို့ ပရိသတ်တွေကတော့ ဘောလုံးကစားတာ အလိမ်အကောက်များ လွန်းတယ် လို့တောင် ဝေဖန်ကြပါတယ်။

ဒီပြောင်းလဲမှုတွေနဲ့ အတူ ဝင်းဂါးတို့ အာဆင်နယ် အသင်း ဂိုးတွေ ဆက်တိုက်ရပြီး စံချိန်သစ်တွေ တင်လာနိုင်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ အနိုင်ရခဲ့ကြတဲ့ ပရီးမီးယားလိဂ်

ခံစစ်သမားကောင်းတွေ၊ ကပ္ပတိန် ကောင်းတွေနဲ့ အာဆင်နယ်ဟာ ဘောလုံးရာသီတွေကို စိုးမိုးနိုင်ခဲ့ပါတယ်။

နောက် ဝင်းဂါးရဲ့ လက်သုံးစကား ဖြစ်တဲ့ ပွဲထဲမှာ သူ့လူတွေ အမှားလုပ်တာ ဖောင်းဖြစ်တာတွေကို သူမမြင်လိုက်ဘူး ဆိုတဲ့ စကားကလည်း နာမည်ကြီးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် LEON NEAL
Image caption အက်ဖ်အေ ဖလား နိုင်တုန်းက အသင်းသားတွေနဲ့အတူ

ဆက်စပ် အကြောင်းအရာများ