ကိန်းဘရစ်မြို့စားကတော် သားတော်လေး မွေးဖွား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုမွေးတဲ့ သားတော်ရဲ့အထက်မှာ သားတော်နဲ့ သမီးတော်ရှိ

ဗြိတိန် တော်ဝင် မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကက်သရင်း မစ်ဒယ်လ်တန်က လန်ဒန် မြို့လယ်မှာ ရှိတဲ့ စိန့်မေရီ ဆေးရုံမှာ တတိယမြောက် သားရတနာကို ဧပြီ ၂၃ ရက် ဒေသ စံတော်ချိန် ၁၁ နာရီ ၁ မိနစ်မှာ မွေးဖွား လိုက်ပါတယ်။

မွေးဖွားလာတဲ့ ကလေးဟာ ၈ ပေါင် ၇ အောင်စရှိပြီး ကလေးရော မိခင်ပါ ကျန်းမာစွာ ရှိနေ တယ်လို့ ကင်စင်တန် နန်းတော်က ကြေညာပါတယ်။

ထီးနန်း အရိုက်အရာ ဆက်ခံဖို့ ပဉ္စမမြောက် နေရာမှာ ရှိတဲ့ ဒီသားတော်လေးဟာ၊ အဲလ်လိဇဘက်သ် ဘုရင်မကြီး သက်တော် ၉၂ နှစ်ပြည့်ပြီး ရက်ပိုင်းမှာ ဖွားမြင်လာတာ ဖြစ်တဲ့ အတွက်၊ ဗြိတိန် တော်ဝင် မိသားစု အတွက် မင်္ဂလာပေါ် မင်္ဂလာဆင့်တယ်လို့ ခေါ်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗြိတိန်တော်ဝင်မိသားစုဝင် အသစ်စက်စက်လေး
Image caption လန်ဒန်မြို့လယ်က ဘီတီတာဝါတိုင်ထိပ်မှာလည်း 'ယောက်ျားလေး' ဆိုပြီး သားတော်လေး မွေးဖွားတဲ့သတင်းကို ရေးထားပါတယ်

မင်းသား ဝီလျံ လည်း သူရဲ့ ကြင်ယာ မီးဖွားတဲ့ချိန် အနားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မင်းသား ဝီလျံနဲ့ ကိတ် တို့ရဲ့ ရင်သွေး မင်းသား ဂျော့ချ်နဲ့ မင်းသမီး ရှားလော့ Charlotte တို့လည်း သူတို့ရဲ့မောင် မွေးဖွားတဲ့ ဆေးရုံကို ရောက်လာပြီလို့ ဆိုပါတယ်။

ကလေး မွေးဖွားပြီးတဲ့နောက် "It is a boy" သားလေးဟေ့ လန်ဒန်မြို့က အထင်ကရ BT မျှော်စင်ပေါ်မှာ စာတန်းထိုး ကြေညာခဲ့လို့ လန်ဒန်သူ လန်ဒန်သားတွေ ချက်ခြင်းဆိုသလို ဒီ သတင်းကို သိခဲ့ရပါတယ်။

ဝန်ကြီးချုပ် ထရီဇာမေလည်း မင်းသား ဝီလျံနဲ့ ကြင်ယာတော် ကတ်သရင်းတို့ အတွက် ဝမ်းမြောက်ကြောင်း လူမှု ကွန်ရက် တွစ်တာမှာ ရေးပါတယ်။

မွေးဖွားတဲ့ကလေးကိုတော့ အခုထိ နာမည်ပေး ကင်ပွန်း မတပ်ရသေးဘူးလို့ ဆိုပါတယ်။

သားယောက်ျားလေး ဖြစ်ရင် အာသာ၊ အဲလ်ဘတ်၊ ဖရက်ဒရစ်၊ ဂျိမ်းနဲ့ ဖိလစ်ဆိုတဲ့ နာမည်တွေက ရေပန်း စားနေသလို မိန်းကလေး ဖြစ်ရင်တော့ မာရီ၊ အဲလစ်၊ အလက်ဇန္ဒရား၊ အဲလိဇဘက်နဲ့ ဝိတိုရိယ နာမည်တွေ ပေးနိုင်တယ်လို့ ရေပန်း စားနေခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ