နက်ရှ်ဗီး မြို့မှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို မိပြီ

ဓာတ်ပုံ မူပိုင် NASHVILLE PD
Image caption သေနတ်သမားလို့ ယူဆရတဲ့ Travis Reinking ကို ဖမ်းမိပြီ

အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီး မြို့က Waffle House စားသောက်ဆိုင်ထဲ၀င်ပြီး ပစ်ခတ်ခဲ့တဲ့ သေနတ်သမားလို့ ယူဆရသူကို ဖမ်းမိပြီလို့ ရဲက ပြောပါတယ်။

သေနတ်သမားရဲ့ မောင်းပြန် ရိုင်ဖယ်နဲ့ ပစ်ခတ်မှု အတွင်း လူလေးယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Travis Reinking ရဲ့ သေနတ်ကို အဲဒီ စားသောက်ဆိုင်မှာ စားနေတဲ့ လူတယောက်က ၀င်လုတာခံရပြီးနောက် သူထွက်ပြေးသွားတာ ဖြစ်ပါတယ်။

သူဟာ စိတ်ဝေဒနာ ခံစားနေရပြီး မနှစ်ကလည်း သမ္မတ အိမ်ဖြူတော်တဲ့ ၀င်ဖို့ ကြိုးစားရင်း အဖမ်းခံခဲ့ရဖူးတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ