ကာရာအိုကေ မီးလောင်လို့ တရုတ် ၁၈ ဦးသေ

ဓာတ်ပုံ မူပိုင် Screenshot Pear BBC
Image caption ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုကလစ်မှာတော့ ကာရာအိုကေဘား မီးလောင်နေတာကို ဘေးကနေရပ်ကြည့်နေသူတွေလည်း ရှိနေတာ မြင်တွေ့ရ

တရုတ်နိုင်ငံတောင်ပိုင်း ရင်းဒဲမြို့က ကာရာအိုကေ ဘားတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်တရုတ်နိုင်ငံသား ၁၈ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့ကည သန်းခေါင်ယံအချိန်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ ကာရာအိုကေရဲ့ တတိယထပ်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ အရွယ်ရှိ အမျိုးသားတဦးကို မီးရှို့မှု သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ သူဟာ မီးရှို့မှု မစတင်ခင် ကာရာအိုကေ ဘားဆိုင်ရဲ့ ဝင်ပေါက်ထွက်ပေါက်ကို မော်တော်ဆိုင်ကယ်နဲ့ ပိတ်ဆို့ထားခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုကလစ်မှာတော့ ကာရာအိုကေဘား မီးလောင်နေတာကို ဘေးကနေရပ်ကြည့်နေသူတွေလည်း ရှိနေတာ မြင်တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်ပြည်အရှေ့ပိုင်းမှာ မီးရှိုးမှုကြောင့် မီးလောင်တဲ့ ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦးသေဆုံးခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ