တရုတ်ခရီးသွားတွေ သေဆုံးမှု ကင်ဂျုံအွန်းဝမ်းနည်း

ဓာတ်ပုံ မူပိုင် AFP/KCNA
Image caption ဆေးရုံမှာ သွားကြည့်တဲ့ ပုံတွေကိုလည်း မီဒီယာက ဖော်ပြခဲ့

မြောက်ကိုရီးယားနိုင်ငံထဲကို လာလည်တဲ့ တရုတ်ခရီးသွားတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ မတော်ဆမှုဖြစ်ပွားခဲ့ပြီး တရုတ် ၃၂ ဦးသေဆုံးခဲ့မှုအပေါ် မြောက်ကိုရီးယားခေါင်းဆောင်ဘက်က အထူး ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။

အဲဒီယာဉ်တိုက်မှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ဖြစ်ပွားခဲ့တာဖြစ်ပြီး North Hwanghae ဆိုတဲ့အရပ်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် ကားဟာ တံတားအောက်ထဲကို ထိုးစိုက်ဆင်းသွားခဲ့ရပါတယ်။

အစဉ်အလာအားဖြင့်တော့ မီဒီယာတင်းကျပ်မှုတွေရှိတဲ့ မြောက်ကိုးရီးယားအနေနဲ့ ဒီလို မတော်တဆမှုတွေလို ကိစ္စတွေနဲ့ အနုတ်သဘောဆောင်တဲ့ ကိစ္စတွေကို ဖော်ပြလေ့ရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် အနေနဲ့ ခါတိုင်းနဲ့ ကွဲပြားစွာပဲ ဒီဖြစ်ရပ်ကို အသိအမှတ်ပြုလက်ခံခဲ့သလို သူဆေးရုံမှာ သွားကြည့်တဲ့ ပုံတွေကိုလည်း မီဒီယာက ဖော်ပြခဲ့တာပါ။

တရုတ်ဟာ မြောက်ကိုးရီးယားရဲ့ နိုင်ငံရေးအရ အဓိက မဟာမိတ်ဖြစ်သလို အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံလည်းဖြစ်ပါတယ်။

မစ္စတာကင်အနေနဲ့ ဒီဖြစ်ရပ်ကို အထူးဝမ်းနည်းကြေကွဲရတယ်လို့ ပြောကြားကြောင်း မြောက်ကိုရီးယားအစိုးရပိုင်သတင်းဖြစ်တဲ့ KCNA က ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် AFP/KCNA
Image caption တရုတ်သံရုံးကိုလည်း သွားရောက်ခဲ့ပြီး ဝမ်းနည်းစာနာမိကြောင်း ပြောဆို

သူဟာ သူ့ကိုယ်သူမထိန်းနိုင်ပဲ သူ့ဆွေမျိုးရင်းချာတယောက်အသက်ဆုံးရှုံးရသလို ခံစားနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

သူဟာ ပြုံယမ်းမှာရှိတဲ့ တရုတ်သံရုံးကိုလည်း သွားရောက်ခဲ့ပြီး ဝမ်းနည်းစာနာမိကြောင်း ပြောဆိုခဲ့ပါသေးတယ်။

မြောက်ကိုးရီးယားကိုလာရောက်လည်ပတ်လေ့ရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေထဲမှာ တရုတ်ခရီးသွားတွေက အများဆုံးဖြစ်ပြီး ၈၀ ရာခိုင်နှုန်းလောက်ရှိနေတာပါ။

ဆက်စပ် အကြောင်းအရာများ