တောင်ကိုရီးယားမှာ US တပ်တွေ ဆက်ရှိနေမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယား အခြေစိုက်စခန်းက အမေရိကန်တပ်သားတွေ

တောင် နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား စစ်ပွဲတွေ တရားဝင် အဆုံးသတ်နိုင်ပြီဆိုရင်တောင်မှ အမေရိကန်တပ်တွေကို နိုင်ငံတွင်း ဆက်ထားဖို့ ခွင့်ပြုမယ်လို့ တောင်ကိုရီးယားအစိုးရက ပြောလိုက်ပါတယ်။

အမေရိကန်တပ်သား ၂၉၀၀ လောက်ဟာ ၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ်စစ်ပွဲအပြီး အပစ်ရပ်ရေးစာချုပ် သဘောတူညီမှုပြီးကတည်းက တောင်ကိုရီးယားမှာ အခြေစိုက်ရှိနေခဲ့တာပါ။

တောင်ကိုရီးယားမှာ ရောက်နေတဲ့ အမေရိကန်စစ်သားတွေ နဲ့ ပတ်သက်လို့ ငွေကြေးအမြောက်အမြားသုံးစွဲနေရတဲ့အပေါ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့်ကတော့ မေးခွန်း ထုတ်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်ထိမှာတော့ တောင် နဲ့ မြောက် ကိုရီးယား စစ်ပွဲကို အပြီးသတ် ရပ်ဖို့ ၂ နိုင်ငံ တရားဝင် သဘောတူညီမှု မရယူနိုင်သေးပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်နဲ့မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးရဲ့ သမိုင်းဝင်တွေ့ဆုံမှု

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်တုန်းက တောင် နဲ့ မြောက် ကိုရီးယားခေါင်းဆောင် ၂ ဦး သမိုင်းဝင်တွေ့ဆုံခဲ့ကြပြီး ၁၉၅၃ ကိုရီးယားကျွန်းဆွယ် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ငြိမ်းချမ်းရေးစာချုပ်အဖြစ် ပြောင်းလဲဖို့ကို ၂ နိုင်ငံ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ကိုရီးယားကျွန်းဆွယ် နျူးကလီးယားကင်းစင်ရေးလုပ်ကြဖို့ နဲ့ ကံမကောင်းတဲ့ ကိုရီးယားအတိတ်သမိုင်းကြောင်းဆီ ပြန်ဦးမတည်ကြဖို့ကိုလည်း တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်ဘက်ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်မ်နဲ့မွန်ကြား ဘာတွေ မပြောအပ်ဘူးလဲ

ဒီသတင်းနဲ့ပတ်သက်သမျှ