သတင်းသမားတွေအပေါ် ဖိအားပေးမှုတွေ ပိုတိုးလာနေတယ်လို့ UNESCO က သတိပေး

Image caption ရုန်းကန်လှုပ်ရှား သတင်းသမားများ

ကမ္ဘာတလွှားမှာ သတင်းသမားတွေအပေါ် ဖိအားပေးမှုတွေ ပိုတိုးလာနေတယ်လို့ ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ UNESCO က သတိပေးလိုက်ပါတယ်။

အခုအခါ ကမ္ဘာတလွှားမှာ သတင်းသမားတွေဟာ သူတို့အပေါ် တိုက်ခိုက်မှု ၊ နှောက်ယှက်မှုတွေ နဲ့ ကြုံနေရတယ်လို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အဖြစ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် အွန်လိုင်းပေါ်ကနေ စောင့်ကြည့်တာ ၊ ဆင်ဆာဖြတ်တောက်မှုတွေ တိုးလာနေတာဟာ လွတ်လပ်စွာ ပြောဆိုခွင့် ခြိမ်းခြောက်နေတယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။

အာဖဂန် နစ္စတန်မှာ ဘီဘီစီ သတင်းထောက် အပါအဝင် သတင်းထောက် ဆယ်ယောက် အသတ်ခံရပြီး ရက်ပိုင်းအတွင်းမှာ အခုလို အစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ သတင်းလွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုလုပ်လာနေတာတွေကို ထောက်ပြပြီး လူမှုရေး အရပ်ဖက် အဖွဲ့အစည်း ကိုးရာ ကျော်က လက်မှတ်ရေးထိုး အထူးကြေညာချက် တရပ် ထုတ်ပြန်ကြတာ ဖြစ်ပါတယ်။

၂၅ကြိမ်မြောက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အဖြစ် ဂါနာနိုင်ငံမှာ ညီလာခံတရပ်ကို ကုလသမဂ္ဂ က ကြီးမှူးခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက အခုအခါ ကမ္ဘာတလွှားမှာ သတင်းသမားအပေါ် တိုက်ခိုက်မှု တိုးလာနေပြီး ၊ သဘောထားကျဉ်းမြောင်းပြီး ချုပ်ကိုင်လိုတဲ့ အစိုးရတွေက သတင်းသမားတွေကို အမြဲတမ်း နှောက်ယှက်မှုတွေ လုပ်လာနေတယ်လို့ ဆိုပါတယ်။

အီရန်အာဏာပိုင်တွေရဲ့ စစ်ကြောမေးမြန်း နှိပ်စက်မှုနဲ့ ကြုံနေရတဲ့ ဘီဘီစီ ပါရှန်းဌာန က ၀န်ထမ်းတွေ ကို ထောက်ခံတဲ့ အနေနဲ့ တခြား ဘီဘီစီ ဝန်ထမ်းတွေကလည်း လန်ဒန်က ဌာနချုပ်မှာ လာရောက် စုရုံးခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာ သတင်းသမား အများဆုံး ထောင်ချခံရတဲ့ တူရကီ နိုင်ငံ အပေါ် အာရုံစူးစိုက်မှုတွေ ပိုထားရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့ Amnesty International က ပြောပါတယ်။

အီရန်မှာ အာဏာပိုင်တွေရဲ့ စစ်ကြောမေးမြန်း နှိပ်စက်မှုနဲ့ ကြုံနေရတဲ့ ဘီဘီစီ ပါရှန်းဌာန က ၀န်ထမ်းတွေ ကို ထောက်ခံကြောင်းပြတဲ့ အနေနဲ့ တခြား လန်ဒန်က ဝန်ထမ်းတွေကလည်း ဘီဘီစီ ရုံးချုပ်မှာ လာရောက် စုရုံးခဲ့ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ