ဘူရွန်ဒီမှာ ဘီဘီစီနဲ့ ဗီအိုအေကို ခြောက်လပိတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဘူရွန်ဒီ ဆက်သွယ်ရေး ကောင်စီက ကြေညာ

အာဖရိကတိုက် ဘူရွန်ဒီနိုင်ငံမှာ ဘီဘီစီနဲ့ ဗီအိုအေအသံလွှင့်ဌာနတွေကို အစိုးရက ခြောက်လ ပိတ်လိုက် ပါတယ်။

ဘီဘီစီရဲ့ ပြင်သစ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ အစီအစဉ်က အတိုက်အခံခေါင်းဆောင်နဲ့ အင်တာဗျူး တခုမှာ အဲဒီလူကို မေးသင့်တာမမေးလို့ မီဒီယာကျင့်ဝတ် ပျက်ကွက်တယ် ဆိုပြီး အရေးယူခဲ့တာ လို့ဆိုပါတယ်။

၂ဝ၁၅ က စဖြစ်နေတဲ့ ပြည်တွင်း နိုင်ငံရေး ပြဿနာတွေ အတွင်းမှာ ပုဂ္ဂလိက အသံလွှင့်ဌာန တော်တော်များများ အပိတ်ခံထားရပါတယ်။ တချို့လည်း လုံးဝဖျက်သိမ်းခံခဲ့ရပါတယ်။

ဘူရွန်ဒီ အကြမ်းဖက်ဖြစ်ရပ်တွေ အပေါ် ကုလ သတိပေး

ဓာတ်ပုံ မူပိုင် STR
Image caption ဘူရွန်ဒီသမ္မတ ပြဲခူရွန်ဇီဇာ

ဒီလထဲမှာပဲ သမ္မတကို နောက်ထပ် ရာထူးမှာ ၂ဝ၃၄ ထိ နေနိုင်ခွင့် ပေးမယ့် အခြေခံဥပဒေ ဆိုင်ရာ အပြောင်းအလဲအတွက် လူထုဆန္ဒခံယူပွဲ လုပ်ဖို့ရှိပါတယ်။

သမ္မတ ပြဲခူရွန်ဇီဇာဟာ သက်တမ်း သုံးကြိမ် ရာထူးမှာ နေခဲ့ပြီးဖြစ်ပါတယ်။

ဘူရွန်ဒီ အစိုးရ စစ်တပ်နဲ့ ပါတီဝင် တွေက အတိုက်အခံ လို့ ယူဆသူတွေကို သတ်ဖြတ် ရိုက်နှက် ညှဉ်းပန်းမှုတွေ ရှိတယ်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။

ဘူရွန်ဒီ အာဏာသိမ်းမှု မအောင်မြင်

ဓာတ်ပုံ မူပိုင် AYMERIC VINCENOT
Image caption ဘူရွန်ဒီ ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာခဲ့

ဘူရွန်ဒီကို ငြိမ်းချမ်းရေးတပ်ဖွဲ့ စေလွှတ်ရမလား ဆွေးနွေးနေ

ဒီဆန္ဒခံပွဲကြောင့် ဘူရွန်ဒီရဲ့ ဒီမိုကရေစီကို ထိခိုက်နိုင်တယ် လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက မကြာခင်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး ပဋိပက္ခတွေကြောင့် အတိုက်အခံ နိုင်ငံရေးသမားတွေ အပါအဝင် လူ လေးသိန်းကျော် ဘူရွန်ဒီက ထွက်ပြေးခဲ့ရပါတယ်။