လုပ်ကြံခံရတဲ့ ပါကစ္စတန် ဝန်ကြီး မစိုးရိမ်ရ

ဓာတ်ပုံ မူပိုင် EPA
Image caption လာဟိုး က ဆေးရုံဆီ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ရတဲ့ ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal

ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal ဟာ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက် သွားခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် က လူထုစည်းဝေးပွဲက အထွက်မှာ မစ္စတာ အစ်ဂ်ဘာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

ညာပုခုံးထိမှန်သွားတဲ့ မစ္စတာ အစ်ဂ်ဘာ ကို ချက်ချင်း ဆေးရုံပို့ခဲ့ရပြီး အခုတော့ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်တော့ဘူးလို့ သူ့သားက ပြောပါတယ်။

သေနတ်သမားကိုတော့ ရဲနဲ့ တခြားလူတွေက ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Narowal နာရိုဝါအရပ်မှာ ၀မ်းနည်းဖွယ် ကိစ္စရပ်ဖြစ်ပွားခဲ့ပြီး ဒီလို ပစ်ခတ်မှုမျိုးကို ရှုတ်ချကြောင်း ၊ ပြည်ထဲရေး ဝန်ကြီး အာဆန် အစ်ဂ်ဘာ တယောက် ဒဏ်ရာရခဲ့ကြောင်းနဲ့ သူ့ကို ပစ်မှတ်ထား လုပ်ကြံခဲ့သူကိုလည်း ဖမ်းမိထားပြီ ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ် လွှတ်တော်အမတ် Zaeem Qadri က ပြောပါတယ်။

အခု လုပ်ကြံခဲ့ရတဲ့ မစ္စတာ အစ်ဂ်ဘာ ဟာ အာဏာရ ပါကစ္စတန် မွတ်ဆလင် လိဂ် ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။

ပါတီခေါင်းဆောင် နာဝပ်ဖ် ရှာရစ်ဖ် ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ရာထူးက ဖယ်ရှားခံခဲ့ရတုန်းက မစ္စတာ အစ်ဂ်ဘာ ကို ၀န်ကြီးချုပ်ခန့်ဖို့ လျာထားခံ ရတာ ဖြစ်ပါတယ်။

အခု လုပ်ကြံမှုနဲ့ပတ်သက်လို့ ရည်ရွယ်ချက် တစုံတရာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လာမယ့် ဇူလိုင် သြဂုတ် လတို့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် လုပ်ကြံ သတ်ဖြတ်မှု ပေါ်ပေါက်တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ