အီရန်ကကျူးလွန်လို့ လက်တုံ့ပြန်ရတာလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

Image caption အစ္စရေးက ညလုံးပေါက် လေကြောင်းတိုက်ခိုက်

အီရန်ဘက်က ဒုံးကျည်တွေနဲ့ စတင် ပစ်ခတ်ပြီး ကျူးလွန်လာတဲ့ အတွက် အစ္စရေး အနေနဲ့ ထိုက်သင့်သလို တုံ့ပြန် ခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

ဆီးရီးယားထဲက စစ်ရေး ပစ်မှတ် နေရာ ၅ဝ ကျော်ကို အစ္စရေးက ညလုံးပေါက် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့ပါတယ်။

ပစ်မှတ် အများစုဟာ ဆီးရီးယားထဲ ရှိနေတဲ့ အီရန် တပ်ဖွဲ့တွေရဲ့ နေရာတွေ ဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရန်ကို အစ္စရေး ဝန်ကြီးချုပ် ဝေဖန်ပြစ်တင်

အသိမ်းပိုက်ခံ ဂိုလန် ကုန်းမြင့်ဒေသက အစ္စရေး တပ်စခန်းတွေကို ဆီးရီးယားထဲ လှုပ်ရှားနေတဲ့ အီရန်တပ်ဖွဲ့တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ် လာခဲ့တဲ့ အတွက် လက်တုံ့ပြန် တိုက်ခိုက် ရတာလို့ အစ္စရေးဘက်က ပြောနေတာ ဖြစ်ပါတယ်။

Image caption ဥရောပနဲ့ ဆက်ဆံရေး ဆက်ထိန်းထားသူ ရူဟာနီ

အီရန် သမ္မတ ဟာဆန် ရူဟာနီကတော့ အီရန် အနေနဲ့ အရှေ့အလယ်ပိုင်းမှာ တင်းမာမှု အသစ်တွေ ပေါ်ပေါက် မလာစေချင်ဘူးလို့ ဆိုပါတယ်။

အခြေအနေတွေ ပိုပြီး ဆိုးရွား တင်းမာလာအောင် အီရန်က မီးမွှေး နေတယ်လို့ အမေရိကန်က စွပ်စွဲ နေချိန်မှာ အီရန် သမ္မတက ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်နဲ့ စကားပြောခဲ့စဉ် အခုလို ထည့်သွင်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ၊ အီရန် တော်လှန်ရေး သက်စောင့်တပ်နဲ့ ဆက်စပ်နေသူ ၆ ယောက် အပေါ် ပစ်မှတ်ထားပြီး အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ ချမှတ် လိုက်ပါတယ်။

အီရန် တပ်ဖွဲ့ရဲ့ ငွေကြေး ဖလှယ် စီးဆင်းမှု ကွန်ရက်ကြီးထဲ ပတ်သက် နေသူတွေကို အရေးယူတာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရန်သဘောတူ စာချုပ်နဲ့ နိုင်ငံတကာ အမြင်

အီရန်နဲ့ နျူကလီအရေး သဘောတူမှု စာချုပ်ထဲက အမေရိကန် နှုတ်ထွက်မယ်လို့ သမ္မတ ထရမ့် ကြေညာခဲ့ပြီး ရက်ပိုင်းမှာပဲ အခုလို နောက်ဆက်တွဲ အရေးယူတာတွေ လုပ်ဆောင် လာတာ ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီယာ အစီအစဉ်နနဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ တီဟီရန် အစိုးရကြား ချုပ်ဆိုထားတဲ့ သဘောတူမှုထဲကနေ အမေရိကန် နှုတ်ထွက် သွားပေမယ့် ဥရောပ နိုင်ငံတွေကတော့ ဒီ စာချုပ်ကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရန် နျူကလီးယားရေး ကြိုးပမ်းဆဲလို့ အစ္စရေး စွပ်စွဲ