ဆူမားတြား ရဲဌာနချုပ်ကို ဆာမူရိုင်းဓားတွေနဲ့ တိုက်ခိုက်

ဓာတ်ပုံ မူပိုင် RONY MUHARRMAN
Image caption ရဲတွေက ပစ်သတ် ဖမ်းဆီးခဲ့

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ ရဲဌာနချုပ်တခုကို ဆာမူရိုင်းဓားတွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့သူ လူ ၄ ဦးကို ရဲတွေက ပစ်သတ် ဖမ်းဆီးခဲ့ပါတယ်။

ပီကန်ဘာရူမြို့က ရဲစခန်းထဲကို အဲဒီလူတွေက ကားနဲ့ အတင်းဝင်လာခဲ့ပြီး တိုက်ခိုက်ခဲ့ကြတာပါ။

ရဲသားတဦးလည်း သေဆုံးသွားပါတယ်။

အင်ဒိုမှာ ၂ ရက်အတွင်း မိသားစုလိုက် အသေခံ ဗုံးခွဲ

ဘုရားကျောင်းဗုံးခွဲတိုက်ခိုက်ခံရမှု အနည်းဆုံး ၁၁ ဦးသေ

ဓာတ်ပုံ မူပိုင် RONY MUHARRMAN
Image caption တဦးမှာ ဗုံးတလုံး ပါလာတယ်ဆို

အဲဒီလူတွေထဲက တဦးမှာ ဗုံးတလုံး ပါလာတယ်လို့ မလေးရှား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ရဲစခန်းတွေကို ဝင်ရောက် တိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုတွေ ရှိခဲ့အပြီးမှာ အခု ဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ဆူရာဘားရားမြို့ တိုက်ခိုက်မှု လက်သည် အဖြစ် အိုင်အက်စ် အနွယ် JAD အုပ်စုကို ရဲက စွပ်စွဲခဲ့ပါတယ်။

၂ဝဝ၂ ဘာလီကျွန်း တိုက်ခိုက်မှုနောက်ပိုင်း အကြမ်းဖက် နှိမ်နင်းရေးတွေ အင်ဒိုနီးရှားမှာ ဆက်တိုက် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အင်ဒိုနီးရှားမှာ ဒုတိယအကြိမ် မိသားစုလိုက် အသေခံ ဗုံးခွဲတိုက်ခိုက်
ဓာတ်ပုံ မူပိုင် HOTLI SIMANJUNTAK
Image caption ဘုရားကျောင်းတွေမှာ လုံခြုံရေးအစောင့်တွေ ချနေရ

ဖမ်းဆီး သတ်ဖြတ်တာတွေ အပါအဝင် ပြန်လွှတ်ပေးလိုက်တဲ့ အကြမ်းဖက် သမားတွေကို ဝင်ငွေရအောင် စီစဉ်ပေးတာ၊ တယူသန် အမြင်တွေ ပပျောက်အောင် သင်တန်းပေးတာတွေ ပါပါတယ်။

ဒါပေမဲ့လည်း ဆီးရီးယားက ပြန်လာတဲ့ တပ်သားတွေရဲ့ ခြိမ်းခြောက်မှုတွေ အင်ဒိုနီးရှားမှာ လတ်တလော ကြုံတွေ့နေရပါတယ်။