နာဂျစ်ရာဇက်ဆီက ပစ္စည်းနဲ့ငွေတွေသိမ်း

ဓာတ်ပုံ မူပိုင် MOHD RASFAN
Image caption နာဂျစ်ရာဇက်ကို အားပေးကြသူတွေ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် နဲ့ ပတ်သက်တဲ့ နေရာတွေကို ရဲတွေက ဒုတိယ အကြိမ် ဝင်ရောက် ရှာဖွေပြီး အဖိုးတန် ပစ္စည်းတွေနဲ့ ငွေတွေ အမြောက်အမြားကို သိမ်းသွားခဲ့ပါတယ်။

အခု စီးနင်းရှာဖွေမှုက 1MDB လို့ခေါ်တဲ့ ဒေါ်လာငွေ သန်း ထောင်နဲ့ ချီတဲ့ အစိုးရ ရန်ပုံငွေတွေကို နာဂျစ် အလွဲသုံးစား လုပ်တယ် စွပ်စွဲချက်ကို တကျော့ပြန် ရွေးကောက် ခံခဲ့ရတဲ့ ဝန်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက်အစိုးရက ပြန်လည် စုံစမ်း စစ်ဆေးဖို့ ဆောင်ရွက်ခဲ့ အပြီး ဖြစ်လာခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်းနာဂျစ်အိမ်ကို ရဲတွေရှာ

အန်နဝါ အီဘရာဟင် အကျဉ်းထောင်က လွတ်ပြီ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မလေးရှား ၀န်ကြီးချုပ်ဟောင်း နေအိမ်ကို ရဲက ဝင်ရောက်ရှာဖွေ

မလေးရှား ရဲတွေက ကွာလာလမ်ပူ မြို့တော်တခွင်က ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် ပိုင်ဆိုင်တဲ့ အဆောက် အဦတွေ ဒါမှမဟုတ် သူနဲ့ ဆက်စပ်မှု ရှိသူတွေရဲ့ အဆောက်အဦ တွေကို ဒုတိယမြောက်ည အဖြစ် စီးနင်းရှာဖွေခဲ့ ပါတယ်။

ရှာဖွေတဲ့ နေရာ ခြောက်နေရာထဲက တနေရာမှာ အဖိုးတန် အသုံး အဆောင်တွေ အတော်များများကို သိမ်းဆည်း ခဲ့ပါတယ်။

မဟာသီယာခေတ် နိုင်ငံခြားသား အလုပ်သမားတွေ ဘယ်လိုမျှော်လင့်ရမလဲ

အဲဒီအထဲမှာ နိုင်ငံခြားသုံးငွေ အမျိုးမျိုးနဲ့ လက်ဝတ်ရတနာတွေ ထည့်ထားတဲ့ အိတ်ပေါင်း ၇၂ လုံးနဲ့ စျေးကြီးတဲ့ Hermes၊ Louis Vuitton လို ဒီဇိုင်နာ လက်ကိုင်အိတ်တွေ ထည့်ထားတဲ့ ကတ်ထူပုံး ၂၈၄ လုံးကို သိမ်းဆည်း မိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ရဲတွေ ရှာဖွေမှု ပြုလုပ်နေတဲ့ ပုံတွေကို လူမှုကွန်ရက်တွေမှာ တွေ့မြင်နေရ ပါတယ်။

သိမ်းလိုက်တဲ့ ပစ္စည်းတွေကို လက်တွန်းလှည်းတွေနဲ့ တင်ပြီး ရဲတွေက ရဲကားကြီးဆီကို သယ်ယူခဲ့ကြရတာကိုလည်း မြင်တွေ့ကြရပါတယ်။

ဓာတ်ပုံ မူပိုင် ARIFFIN JAMAR
Image caption လက်တွန်းလှည်းတွေနဲ့ တင်ပြီး ရဲကားကြီးဆီကို သယ်ယူ

မလေးရှားနိုင်ငံက စီးပွားရေး လုပ်ငန်းများဆိုင်ရာ ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့အကြီးအကဲ အာမာဆင်း ကတော့ ပစ္စည်းတွေက များလွန်းတဲ့ အတွက် စုစုပေါင်း တန်ဖိုး ဘယ်လောက် ရှိမယ် ဆိုတာသိနိုင်ဖို့ အချိန်ယူရမယ်လို့ ပြောပါတယ်။

သူတို့အနေနဲ့ အိတ်တွေကိုပဲ လျာထား တွက်ချက်ထားပြီး ငွေတွေနဲ့ လက်ဝတ်ရတနာတွေပါလို့ အဲဒီအိတ်တွေကို ချိတ်ပိတ်ထားတယ်၊ ငွေသား ဘယ်လောက်ရှိတယ်၊ လက်ဝတ်ရတနာ ဘယ်လောက် ဆိုတာ တိတိကျကျ မပြောနိုင်ဘူးလို့ အာမာဆင်းက ပြောပါတယ်။

မစ္စတာ နာဂျစ် ထူထောင်ထားတဲ့ 1MDB လို့ခေါ်တဲ့ နိုင်ငံဖွံ့ဖြိုးရေး ရန်ပုံငွေတွေ ထဲက ဒေါ်လာငွေ သန်း ထောင်နဲ့ ချီပြီး ဘယ်ရောက်နေမှန်း မသိ ဖြစ်နေပါတယ်။

မလေးဝန်ကြီးချုပ်ဟောင်း ပြည်ထွက်ခွင့်ပိတ်

အသက် ၉၂ နှစ် မဟာသီယာ တကျော့ပြန် အနိုင်ယူ

ဓာတ်ပုံ မူပိုင် FAZRY ISMAIL
Image caption နာဂျစ်အိမ်နား ရဲအစောင့်ချ

အဲဒီရန်ပုံငွေတွေထဲက မစ္စတာ နာဂျစ် က ဒေါ်လာ သန်း ၇၀၀ လောက်ကို သူ့အိပ်ကပ်ထဲ ထည့်ခဲ့တယ်လို့ စွပ်စွဲခံနေရပြီး သူကတော့ ဒါကို ငြင်းထားပါတယ်။

အခုလို အဖိုးတန် ပစ္စည်းတွေ သုံးစွဲ နေထိုင်တာ တွေ့ရတဲ့ အထောက်အထား တခုခုက ဟာ မစ်စ္စတာ နာဂျစ်ကို စွပ်စွဲမှုတွေ ရှိနေတဲ့ 1MDB အရှုပ်တော်ပုံကြီးမှာ သူဘယ်လောက် ပါဝင် ပတ်သက်နေတယ် ဆိုတာကတော့ အခု အချိန်မှာ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးပါဘူး။

ဆက်စပ် အကြောင်းအရာများ