ကန်ရော အီရန်ဘက်ပါ မယိမ်းတဲ့ အစိုးရ အီရတ်မှာ တက်လာမလား

ဓာတ်ပုံ မူပိုင် AFP
Image caption Moqtada al-Sadrရဲ့ အမျိုးသားရေး မဟာမိတ် နိုင်ငံရေး အင်အားစုက လွှတ်တော်နေရာ ၅၄ နေရာကို အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲမှာ ပထမနေရာမှာ ရပ်တည်

အီရတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နေရာအများစု အနိုင်ရရှိခဲ့တဲ့ ရှီအာ ဘာသာရေးခေါင်းဆောင် Moqtada al-Sadr နဲ့ ပူးပေါင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က သူတို့ ၂ ဦး အစိုးရသစ်ကို ပူးပေါင်း ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

အီရတ်နိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်တွေကို အောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့ပြီး ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်ခဲ့တာပါ။

ဒီရွေးကောက်ပွဲမှာ ရှီအာ ဘာသာရေးခေါင်းဆောင် Moqtada al-Sadrရဲ့ အမျိုးသားရေး မဟာမိတ် နိုင်ငံရေး အင်အားစုက လွှတ်တော်နေရာ ၅၄ နေရာကို အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲမှာ ပထမနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
IS အန္တရာယ် ဆက်ရှိနေတဲ့ အီရတ်

အီရန် လိုလားတဲ့ Fatah မဟာမိတ်က ၄၇ နေရာနဲ့ ဒုတိယ၊ ဝန်ကြီးချုပ် Haider al-Abadi ရဲ့ ပါတီက အမတ် ၄၂ နေရာ ရရှိခဲ့ပြီး တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင် မစ္စတာ Sadr ဟာ ရွေးကောက်ပွဲမှာ အမတ်တဦး အဖြစ် ရွေးချယ် မခံတာကြောင့် ဝန်ကြီးချုပ် ဖြစ်လာနိုင်စရာ မရှိပါဘူး။

ဒါပေမယ့် အစိုးရသစ် ဖွဲ့စည်းရာမှာတော့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်ပါ တယ်။

သူဟာ အမေရိကန်ဦးဆောင်ပြီး အီရတ်ကို ကျူးကျော်ခဲ့တာကို ၂ ကြိမ်တိုင်တိုင် ဆန့်ကျင်ရာမှာ ခေါင်းဆောင်ခဲ့သလို အီရတ်နိုင်ငံရေးရာတွေမှာ အီရန်နိုင်ငံရဲ့ စွက်ဖက်မှုတွေကို ဆန့်ကျင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိုင်အက်စ်တွေကို တိုက်နေတဲ့ ဒေသခံ တပ်ဖွဲ့တွေကို ကူညီပေး နေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅ ထောင်လောက်ကလည်း အီရတ်မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲအနိုင်ရပြီး သူဖွဲ့စည်းမယ့် အစိုးရသဘောရဲ့ သဘောထား အပေါ် ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံတကာက စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ Sadr အနေနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့၊ ယိုယွင်းနေတဲ့ စီးပွား ရေးကို ပြန်လည် တည်ဆောက်ဖို့နဲ့ စစ်ကြောင့် ပျက်စီးနေတဲ့ နိုင်ငံကို ပြန် ထူထောင်လို

မစ္စတာ Sadr အနေနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့၊ ယိုယွင်းနေတဲ့ စီးပွား ရေးကို ပြန်လည် တည်ဆောက်ဖို့နဲ့ စစ်ကြောင့် ပျက်စီးနေတဲ့ နိုင်ငံကို ပြန် ထူထောင်ဖို့ မဟာမိတ်အစိုးရ ဖွဲ့စည်းဖို့ မျှော်လင့်နေပါတယ်။

မစ္စတာ Abadi အစိုးရက အကျင့်ပျက်ခြစားမှုတွေကြောင့် မဲဆန္ဒရှင်တွေက စိတ်မကျေမနပ် ဖြစ်နေတာ ဖြစ်ပါတယ်။

အစိုးရသစ်ဖွဲ့စည်းဖို့ မစ္စတာ Sadr နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မစ္စတာ Abadi က

'မစ္စတာ Sadr နဲ့တွေ့ဆုံရာမှာ နိုင်ငံရေး ဖြစ်စဉ်မှာ အားလုံး ပါဝင်ရမယ် လို့ သဘောတူခဲ့ပါတယ်။ ကျနော်တို့ နိုင်ငံရေး အင်အားစု တခုကိုမှ ဆန့်ကျင်ခဲ့တာ မရှိပါဘူး။ ဘယ်သူနဲ့မဆို အတူ အလုပ်လုပ်သွားမှာပါ။ ဒါပေမယ့် နိုင်ငံရေး ဖြစ်စဉ်အတွက် ခေါင်းဆောင်တဦး လိုနေပါတယ်။ ဒီခေါင်းဆောင်က အစိုးရသစ် အမြန်ဆုံးဖွဲ့ဖို့နဲ့ လွှတ်တော်အစည်း အဝေးတွေကို မှန်မှန် ကန်ကန် စတင် ပဲ့ကိုင် နိုင်ရမှာပါ' လို့ ပြောခဲ့ပါတယ်။

သူတို့ ၂ ဦးတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အစိုးရက အားလုံးပါဝင်ပြီး ပြည်သူတွေကို စောင့်ရှောက်တဲ့ အစိုးရ ဖြစ်စေမယ်လို့ မစ္စတာ Sadr က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရတ်က ပြန်လည်ထူထောင်ရေး ဒေါ်လာ ၈၈ ဘီလျံ လိုအပ်

အီရတ်အတွက် ထိုက်တန်တဲ့ အစိုးရတခု ဖြစ်စေဖို့ ကြိုးစားဆောင်ရွက် နေသလို ဖွဲ့စည်းမယ့် အစိုးရကတော့ ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံ စည်ပင် ကြီးပွားဖို့ ရည်မှန်း ထားတယ်လို့လည်း မစ္စတာ Sadr က ပြောပါတယ်။

ဒါပေမယ့် နိုင်ငံရေး အင်အားစုတွေ အားလုံး ဆွေးနွေးညှိနှိုင်းပြီး ဘယ်လို အစိုးရ ဖြစ်လာမလဲ ဆိုတာကတော့ မရေရာတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အီရတ် အရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ